ညမထွက်ရ အမိန့်

A d v e r t i s e m e n t With Us

September 13, 2020

မကွေးတိုင်းအတွင်း ပထမဆုံးအကြိမ် ညမထွက်ရ အမိန့်ထုတ်မည်၊ စစ်ဆေးရေးဂိတ် ၁၁ ခု တိုးချဲ့ ဖွင့်လှစ်

မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ဖို့ စက်တင်ဘာ ၁၄ ရက်ကစပြီး ပထမဆုံးအကြိမ် ညမထွက်ရအမိန့် ထုတ်ပြန်မှာဖြစ်ပြီး ပူးပေါင်းစစ်ဆေးရေးဂိတ် ၁၁ ခုလည်း တိုးချဲ့ဖွင့်လှစ်လိုက်တယ်လို့ သိရပါတယ်။ ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ကာကွယ်နိုင်ဖို့ ရဲတပ်ဖွဲ့ဝင်တွေ၊ ကျန်းမာရေးဝန်ထမ်း၊ မီးသတ်၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေပါဝင်တဲ့ ပူးပေါင်းစစ်ဆေးရေးဂိတ် ၁၁ ခုထပ်မံ ဖွင့်လှစ်လိုက်တာလို့ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့်က ပြောပါတယ်။ အဖွဲ့စုံပူးပေါင်းစစ်ဆေးရေးဂိတ်တွေကတော့ မကွေးခရိုင်မှာ ၆ ခု၊ သရက်ခရိုင်မှာ ၂ ခု၊ ပခုက္ကူခရိုင်မှာ ၂ ခုနဲ့ ဂန့်ဂေါခရိုင်မှာ ၁ ခုတိုးချဲ့ဖွင့်လှစ်ပြီး ကျန်းမာရေးစစ်ဆေးတာတွေ၊ ခရီးသွားရာဇဝင်စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ မင်းဘူးခရိုင်ထဲမှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ဆေးရေး ဂိတ် ၂ ခုတိုးချဲ့ဖွင့်လှစ်ခဲ့ပြီး ရခိုင်ပြည်နယ် ဝင်ပေါက်ဖြစ်တဲ့ ပျဉ်းဝပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ကုန်တင်ယာဉ်တွေကို ကိုယ်ပူချိန်တိုင်းတာပေးပြီး အသေးစိတ် စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မကွေးတိုင်းအတွင်းမှာ စက်တင်ဘာလ ၁၄ ရက်နေ့ကစလို့ ပထမဆုံးအကြိမ် ညမထွက်ရ အမိန့်ထုတ်ပြန်မယ်လို့ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့်က ပြောပါတယ်။ ပြည်သူတွေ သွားရေးလာရေး၊ ခရီးသည်တင်ယာဉ်အဝင်အထွက်တွေအတွက် ကြိုတင်ပြင်ဆင်လို့ရအောင် ည ၁၂ နာရီ မနက် ၄ နာရီထိ ညမထွက်ရ အမိန့်ထုတ်ပြန်မှာလို့ ဆိုပါတယ်။ ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီကနေ စက်တင်ဘာ ၁၄ ရက်နေ့ကစလို့ ခရီးသည်တင်ယာဉ်တွေ တိုင်းကျော်သွားလာခွင့်ရပ်နားတာတွေ၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေကိုလည်း ပါဆယ်စနစ်နဲ့သာ ရောင်းချဖို့ ညွှန်ကြားချက် ထုတ်ထားပါတယ်။ KTV၊ အနှိပ်ခန်းတွေအပါအဝင် ကိုဗစ်-၁၉ စည်းကမ်းဖောက်ဖျက်တဲ့ အမှုပေါင်း ၅၀ ကျော်လောက် အရေးယူထားတယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့ကနေ သိရပါတယ်။ မကွေးတိုင်းအတွင်းမှာ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၂ ဦးထိ တွေ့ရှိထားပြီး ၃ ဦးရောဂါပိုးကင်းစင်ကာ ၉ ဦးကတော့ ဆေးရုံတက်ရောက်ကုသနေတယ်လို့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။ သတင်း-မင်းထီး
6 months Ago

April 20, 2020

ညမထွက်ရ အမိန့်ထုတ်ပြန်ထားသည့် မန္တလေးမြို့မြင်ကွင်း

မန္တလေးတိုင်းမှာ COVID-19 ရောဂါ ကူးစက်ပြန့်ပွားရေးကို ထိန်းချုပ်နိုင်ဖို့ ည ၁၀ နာရီက မနက် ၄ နာရီအထိ အိမ်အပြင်မထွက်ကြဖို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဧပြီ ၁၈ ရက်နေ့က ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။ တားမြစ်ချက်ကို ဖောက်ဖျက်ပါက တည်ဆဲဥပဒေတွေနဲ့ အရေးယူမယ်လို့ ဆိုပါတယ်။ Photo - Kaung Zaw Hein / MPA
11 months Ago
More News
Up