ညမထွက်ရအမိန့် ကျူးလွန်သူ

May 17, 2020

ရှမ်းပြည်နယ်တွင် ညမထွက်ရအမိန့် ကျူးလွန်သူအယောက် ၁၀၀ ကို‌ ထောင်ဒဏ် ၃ လစီ ချမှတ်

ရှမ်းပြည်နယ်အတွင်း COVID-19 ကာလ ညမထွက်ရအမိန့်ထုတ်ပြန်ထားပေမဲ့ မလိုက်နာလို့ ထောင်ဒဏ် ၃ လစီ ပြစ်ဒဏ်ပေးခံရတဲ့သူဟာ မေလ ၁၆ ရက်ထိ အယောက် ၁၀၀ လောက်ရှိတယ်လို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ဒုရဲမှူးကြီးဝင်းသိန်းက ပြောပါတယ်။ ညမထွက်ရ အမိန့်မလိုက်နာသူတွေကတော့ တောင်ကြီးမြို့နယ်မှာ ကျား ၄၄၊ မ ၁၀ ဦး၊ လင်းခေးမြို့နယ်မှာ ကျား ၁ ဦး၊ လားရှိုးမှာ ကျား ၅ ဦး၊ ကျောက်မဲမှာ ကျား ၁ ဦး၊ ကျိုင်းတုံမှာ ကျား ၂၃ ဦး၊ တာချီလိတ်မှာ ကျား ၁၆ ဦးတို့ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်မှာ ည ၁ဝ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို ဧပြီ ၂၀ ရက် က စတင်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒီနောက် မေလ ၁၅ ရက်ကစတင်ပြီး ညမထွက်ရ အမိန့်အား ည ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ အချိန်ရွှေ့ပြောင်းထားတယ်လို့ သိရပါတယ်။ COVID-19 ကာလမှာ ညမထွက်ရအမိန့်ထုတ်ပြန်ထားတာကြောင့် မှုခင်းသိသိသာသာ လျော့ကျလာတယ်လို့လည်း ဒုရဲမှူးက ဆိုပါတယ်။ ဒါ့အပြင် COVID-19 ကာလမှာ ရဲတပ်ဖွဲ့ဝင်တွေ အဆင်ပြေစေဖို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ပြည်နယ်ရဲမှူးချုပ်တင်ကိုကိုက တပ်ဖွဲ့ဝင်တွေကို မေလ ၁၆ ရက် ပြည်နယ်ရဲတပ်ဖွဲ့ရုံး သိန္တိသုခဓမ္မာရုံမှာ အခြေခံစားသောက်ကုန် ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။ အဓိက COVID-19 ကာလ ရဲတပ်ဖွဲ့ဝင်မိသားစုတွေ အိမ်ပြင်ထွက် စျေးဝယ်ထွက်ရတာ သက်သာစေဖို့ စီမံဆောင်ရွက်တာလို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့ဝင်အားလုံး၊ အရာရှိ၊ တပ်သား ခွဲခြားမှုမရှိဘဲ တန်းတူထောက်ပံ့ပေးအပ်တာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တဦးကို ဆန် ၈ ပြည်၊ ကြက်သွန်နီ ၁ ပိဿာ၊ ဆီ ၁ ပိဿာ၊ ဘဲဥ ၁၀ လုံးနဲ့ဆပ်ပြာ စုစုပေါင်း ၁၇၀၀၀ ကျော်ဖိုးစီ စုစုပေါင်း ၅၁ သိန်းဖိုး ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။ ခွန်ရာဇာ
1 year Ago
Up