ညမထွက်ရအမိန့်ဖောက်ဖျက်သူများ

A d v e r t i s e m e n t With Us

September 9, 2020

မိတ္ထီလာတွင် ညမထွက်ရအမိန့်ဖောက်ဖျက်သူ ၆ ဦးကို အလုပ်မဲ့ထောင်ဒဏ် ၁ လစီချမှတ်

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့မှာ  ညမထွက်ရ ဒေသန္တအမိန့်ကို ဖောက်ဖျက်သူ ၆ ဦးကို မိတ္ထီလာမြို့နယ်တရားရုံးက အလုပ်မဲ့ထောင်ဒဏ် ၁ လစီ ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ စက်တင်ဘာ ၈ ရက်က မိတ္ထီလာမြို့မရဲစခန်းအပိုင်မှာ ညမထွက်ရ ဒေသန္တအမိန့်အား ဖောက်ဖျက်သူ ၃ဦးနဲ့  မိတ္ထီလာအမှတ်(၃)ရဲစခန်း အပိုင်မှာ ညမထွက်ရ ဒေသန္တအမိန့်အား ဖောက်ဖျက်သူ ၃ ဦး စုစုပေါင်း ၆ ဦးကို လှည့်ကင်းက ဖမ်းဆီး အရေးယူလိုက်တာလို့ မိတ္ထီလာအမှတ်-၃ ရဲစခန်းစခန်းမှူး ရဲအုပ်ဝင်းမြင့်ဦးက ပြောပါတယ်။ ဖမ်းဆီးရမိတဲ့ လှမိုး(ခ)ရဲမင်းထွန်းအပါ ၃ ဦးကို ဒုမြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ပြီး မိတ္ထီလာမြို့နယ်တရားရုံးကို ဦးတိုက် လျှောက်ထားခဲ့တာမှာ မိတ္ထီလာမြို့နယ်တရားရုံးက ပြည့်သူဝန်ထမ်းကထုတ်ပြန်ထားတဲ့ အမိန့်အား ဖီဆန်ခြင်း ရာဇသတ်ကြီးပုဒ်မ ၁၈၈ နဲ့ အလုပ်မဲ့ ထောင်ဒဏ် ၁လစီ ချမှတ်ခဲ့ပါတယ်။ အလားတူ အောင်ကျော်ဇောအပါ ၃ ဦးကိုလည်း ဒုမြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုလုပ်ပြီး မြို့နယ်တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့တာမှာ ရာဇသတ်ကြီးပုဒ်မ ၁၈၈နဲ့ အလုပ်မဲ့ ထောင်ဒဏ် ၁လစီ ချမှတ်ခဲ့ပါတယ်။ မိတ္ထီလာမြို့နယ်မှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကိုဗစ်-၁၉ ကပ်ရောဂါက ကူးစက်ပြန့်ပွားမှု မရှိစေရေးနဲ့ အချိန်မီ ထိမ်းသိမ်းနိုင်ရေးအတွက် အရေးပေါ်ကိစ္စပေါ်ပေါက်ပါက သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်မှအပ ညမထွက်ရ ဒေသန္တရအမိန့်တွေ ထုတ်ပြန်ထားပါတယ်။  စက်တင်ဘာလအတွင်းမှာပဲ ည ၁၂ နာရီမှ မနက် ၄ နာရီအတွင်း သွားလာတာကြောင့် အလုပ်မဲ့ ထောင် ၁ လ ကျခံရသူ ၁၀ ဦး ရှိသွားပြီ ဖြစ်ပါတယ်။ သတင်း-မောင်မောင်လင်း
5 months Ago

September 4, 2020

မလှိုင်မြို့တွင် ညမထွက်ရအမိန့်ဖောက်ဖျက်သူ ၁၂ ဦးအား ထောင် ၁ လစီချမှတ်

မန္တလေးတိုင်း၊ မလှိုင်မြို့မှာ စက်တင်ဘာလ ၃ ရက်နေ့က ညမထွက်ရ ဒေသန္တရအမိန့် ဖောက်ဖျက်သူ ၁၂ ဦးကို မြို့နယ်တရားရုံးက အလုပ်မဲ့ ထောင်ဒဏ် ၁ လစီ ချမှတ်လိုက်တယ်လို့ မလှိုင်မြို့မရဲစခန်း ဒုရဲအုပ်စန်းမြိုင်က ပြောပါတယ်။ ကိုဗစ်ကာလ စေတနာ့ဝန်ထမ်းဘော်လန်တီယာ တာဝန်ခံဒေါက်တာကောင်းလျှံက "ဒီနေ့မနက် ၁ နာရီ နဲ့ ၂ နာရီကြားမှာ ဖမ်းဆီးတာပါ။ ဒီနေ့ညနေမှာပဲ မြို့နယ်တရားရုံးက ထောင်ဒဏ် ၁လ အမိန့်ချတယ်ဆိုတာ သိရတယ်။ မြို့နယ်အုပ်ချုပ်ရေးက တရားလိုလုပ်ပြီး တရားစွဲတာပါ" လို့ ပြောပါတယ်။ မလှိုင်မြို့မရဲစခန်းမှာ ကိုဗစ်ကာလ ညမထွက်ရ ဒေသန္တရအမိန့် ထုတ်ပြန်ထားတာကို ဖောက်ဖျက်ပြီး သွားလာခဲ့သူ ၁၂ ဦးကို ရာဇသတ်ကြီးပုဒ်မ ၁၈၈၊ ရဲအရေးမပိုင်အမှုအနေနဲ့ ရဲစခန်းပုံစံ(က)(ခ) ရေးသွင်းပြီး တရားရုံးဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့တာပါ။ ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဟာ ပြည်သူ့ဝန်ထမ်းက နည်းလမ်းတကျ ထုတ်ပြန်ထားတဲ့ ဒေသန္တအမိန့်အား ဖောက်ဖျက်ကျူးလွန်ပါက အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၆ လအထိ ချမှတ်နိုင်ပါတယ်။ သတင်း-မောင်မောင်လင်း
5 months Ago
More News
Up