ညမထွက်ရ

March 26, 2021

ပြည်ထောင်စုနယ်မြေနေပြည်တော်ကို ညမထွက်ရအချိန်လျှော့

ပြည်ထောင်စုနယ်မြေ နေပြည်တော် မြို့နယ် ၈ မြို့နယ်ကို ညမထွက်အမိန့်  ည ၈ နာရီကနေ မနက် ၄ နာရီ သတ်မှတ်ထားရာကနေ ည ၁၀ နာရီကနေ မနက် ၄ နာရီထိ လျှော့ချလိုက်ပါတယ်။

လက်ရှိ နေပြည်တော်မှာ အခြေအနေအထိုက်အလျောက် တည်ငြိမ်လာတဲ့အတွက် ယခင်က ထုတ်ပြန်ထားတဲ့ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ကို မတ်လ ၂၆ ရက်နေ့ကစပြီး လျှော့ချပေးလိုက်တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့က ပြည်ထောင်စုနယ်မြေ နေပြည်တော် မြို့နယ် ၈ မြို့နဲ့ မြန်မာနိုင်ငံတစ်ဝှမ်းကို ညမထွက်ရအမိန့် စစ်ကောင်စီက ထုတ်ပြန်ခဲ့တာပါ။

ဒါပေမယ့် ရန်ကုန်တိုင်းဒေသကြီးအတွင်းက လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာပ၊ ဒဂုံဆိပ်ကမ်း၊ တောင်ဒဂုံနဲ့ မြောက်ဒဂုံမြို့နယ်တို့ကိုတော့ မတ်လ ၁၄ရက်၊ ၁၅ ရက်တွေမှာတော့ စစ်အုပ်ချုပ်ရေး(Martial Law) သတ်မှတ်ကြောင်း ထပ်မံကြေညာထားပါသေးတယ်။

2 months Ago

February 9, 2021

မြန်မာနိုင်ငံအနှံ့ မြို့နယ်ပေါင်း ၄၀ နီးပါးတွင် စစ်အစိုးရက ပုဒ်မ ၁၄၄ ထုတ်ပြန်

မြန်မာနိုင်ငံအနှံ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၈ ခုရှိ မြို့နယ်ပေါင်း ၃၆ မြို့နယ်မှာ ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်နဲ့ လူ ၅ ယောက်ထက်ပိုပြီး စုဝေးတာတွေမလုပ်ဖို့ အာဏာသိမ်း စစ်အစိုးရက ထုတ်ပြန်လိုက်ပါတယ်။

 ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်တဲ့ ရန်ကုန်တိုင်းက မြို့နယ်တွေထဲမှာ စမ်းချာင်းမြို့နယ်နဲ့ ကမာရွတ်မြို့နယ်တွေပါဝင်ပြီး မန္တလေးတိုင်းမှာတော့ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ မဟာအောင်မြေ၊ ချမ်းအေးသာစံ၊ အောင်မြေသာစံ၊ ပုသိမ်ကြီး၊ မြင်းခြံနဲ့  အမရပူရမြို့နယ်တို့ ပါဝင်ပါတယ်။

မကွေးတိုင်းကတော့ မကွေးမြို့နယ်၊ ပခုက္ကူမြို့နယ်တို့ပါဝင်ပြီး စစ်ကိုင်းတိုင်းက စစ်ကိုင်းမြို့နယ်၊  ရွေဘိုမြို့နယ်၊ မုံရွာမြို့နယ်နဲ့ ကလေးမြို့နယ်တို့ ပါဝင်ပါတယ်။ 

ဒါ့အပြင် ကချင်ပြည်နယ်မှာတော့ ဝိုင်းမော်၊ ဗန်းမော်၊ မိုးကောင်း၊ ရွှေကူ၊ မိုးညှင်းနဲ့ ဖားကန့်မြို့နယ်တို့ ပါဝင်ပြီး ကယားပြည်နယ်မှာတော့ လွိုင်ကော်မြို့နယ်ပါဝင်ပါတယ်။

မွန်ပြည်နယ်မှာ မော်လမြိုင်၊ သံဖြူဇရပ်၊ ရေး၊ ကျိုက်ထို မြို့နယ်တို့ ပါဝင်ပြီး ရှမ်းပြည်နယ်မှာ တာချီလိတ်၊ ကျိုင်းတုံ၊ တောင်ကြီး၊ နောင်ချို၊ လားရှိုး၊ ကလော၊ သီပေါ၊ မူဆယ်နဲ့ ကျောက်မဲ မြို့နယ်တို့ ပါဝင်ပါတယ်။ 

  အဆိုပါမြို့နယ်တွေမှာ စုဝေးတာ၊ ဟောပြောတာ၊ ယာဉ်အသုံးပြု၍ဖြစ်စေ လူကိုယ်တိုင်ဖြစ်စေအသုံးပြုပြီး  စီတန်းလှည့်လည်တာ၊ လှုံဆော်ဆန္ဒပြတာ၊ ဖျက်ဆီးတာ၊ ရုန်းရင်းဆန်ခတ်လုပ်တာတွေ မပြုလုပ်ဖို့ တားမြစ်ထားပါတယ်။

လူ ၅ ဦး ဒါမှမဟုတ် ၅ ဦးထက်ပိုတဲ့သူတွေ အဆိုပါမြို့နယ်တွေအတွင်း အများပြည်သူနဲ့ ဆိုင်တဲ့နေရာတွေမှာ စုဝေးဟောပြောတာမလုပ်ဖို့နဲ့ ည ၈ နာရီမှ မနက် ၄ နာရီအတွင်း ညမထွက်ရ အမိန့်ထုတ်ပြန်ထားပါတယ်။

3 months Ago
More News
Up