အိန္ဒိယနိုင်ငံ၊ အနောက်ဘန်ဂေါပြည်နယ်၊ ဒါဂါပူးရ်မြို့က ယာဉ်အသွားအလာများတဲ့ ကားလမ်းမနဲ့ တံတားအကြားမှာ ဒီဇင်ဘာ ၂၄ ရက်က လေယာဉ်တစ်စင်း ရှေ့တိုးနောက်ဆုတ်မရ ဖြစ်နေပါတယ်။
ထရပ်ကားပေါ် တင်ဆောင်လာတဲ့ စာပို့လေယာဉ်ဟာ တံတားနဲ့ မလွတ်ဘဲ အခုလို ညပ်နေပြီး ဒါဂါပူးရ်မြို့က မထွက်နိုင်အောင် ဖြစ်နေပါတယ်။
အမှတ် ၂ အမျိုးသားလမ်းမ အကြီးအကဲက သယ်ဆောင်မယ့် လေယာဉ်အရွယ်အစား တိုင်းတာမှုကို နောက်ကျ ပြုလုပ်ခဲ့ပြီး သယ်ဆောင်လို့မရတဲ့အကြောင်းကိုလည်း အကြောင်းမကြားခဲ့ဘူးလို့ ပြောဆိုပါတယ်။
နောက်ဆုံးမှာတော့ တံတားအောက်မှာ ညပ်နေတဲ့ လေယာဉ်ကို ကြိုးတွေ သုံးပြီး ဆွဲထုတ်နိုင်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
1 year Ago