ညစ်ညမ်းရေ ဂါလန် ၁ သန်းခန့် ကော်လိုရာဒို မြစ်ထဲ စွန့်ပစ် (ရုပ်သံ)

August 9, 2015

ညစ်ညမ်းရေ ဂါလန် ၁ သန်းခန့် ကော်လိုရာဒို မြစ်ထဲ စွန့်ပစ် (ရုပ်သံ)

ရွှေသတ္ထုတွင်းထဲက လိမ်မ္မော်ရောင် အနည်အနှစ်နဲ့သတ္ထုတွေပါတဲ့ ညစ်ညမ်းရေ ဂါလန် ၁ သန်းလောက် မတော်တဆ ဖြစ်ရပ်ကြောင့် ကော်လိုရာဒို မြစ်လက်တက်ထဲ ရောက်သွားတယ်လို့ အမေရိကန် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး အေဂျင်စီ (အီးပီအေ)က သြဂုတ် ၆ ရက်က ပြောပါတယ်။ ဂိုလ်းကင်း သတ္တုတွင်း အနောက်ဘက်မှာ ညစ်ညမ်းရေတွေကို စွန့်ပစ်ထားခဲ့တာ ဖြစ်ပေမယ့် ရေတွေကို ကာရံထားတဲ့ အတားအဆီး ကျိုးပေါက်ပြီး သြဂုတ် ၆ ရက်က အန်းနီးမတ်မြစ်ထဲ စီးဝင်တဲ့ ချောင်းတခုထဲကို ရောက်ရှိသွားတယ်လို့ အီးပီအေ ပြောခွင့်ရ ရစ်ခ်ျမိုင်လော့က ပြောပါတယ်။ ရေဆိုးတွေကို သန့်စင်စုပ်ထုတ်ဖို့ အီးပီအေ အလုပ်သမား အတော်များများက ကြိုးစားခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာတော့ တဦးတယောက်မှ ဒဏ်ရာရာတာ မရှိဘူးလို့ သူက ပြောပါတယ်။ ရေဆိုးတွေ စီးထွက်မသွားမချင်း ရေထဲ မဆင်းဖို့နဲ့ အပန်းဖြေလှုပ်ရှားမှုတွေ မလုပ်ကြဖို့ မြစ်အောက်ဘက်က ရေသုံးစွဲသူတွေကို ဖက်ဒရယ်နဲ့ ကော်လိုရာဒို ပြည်နယ် ကျန်းမာရေး အရာရှိတွေက သတိပေးထားပါတယ်။ အန်နီမတ်စ် မြစ်ကနေ ရေယူတာကို ရပ်လိုက်ပြီး သက်ရောက်မှုမရှိတဲ့ ဖလော်ရီဒါ မြစ်ကနေ ရေကို ယူနေတဲ့အတွက် ရေပိုက်သုံးစွဲသူတွေအတွက် ဘေးကင်းတယ်လို့ ဒူရန်ဂိုမြို့က ကြေညာထားပါတယ်။ အီးပီအေကတော့ မြစ်အောက်ပိုင်းက ရေနမူနာတွေကို ကောက်ယူစစ်ဆေးပြီး လာမယ့်ရက်တွေမှာ ရေသုံးသူတွေနဲ့ ရေနေသတ္တဝါတွေအတွက် နောက်ထပ် စိုးရိမ်စရာ ရှိမရှိ အတည်ပြုမယ်လို့ ပြောပါတယ်။
6 years Ago
Up