ညစာစားပွဲ

June 2, 2018

အာဂျင်တီးနားအသင်းကို သမ္မတက နှုတ်ဆက်ညစာစားပွဲ ပြုလုပ်ပေး

ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လေ့ကျင့်မှုတွေပြုလုပ်ဖို့ စပိန်နိုင်ငံ ဘာစီလိုနာမြို့ကို ထွက်ခွာမယ့် အာဂျင်တီးနားနိုင်ငံ လက်ရွေးစင်အသင်းကို သမ္မတ မာရီစီယိုမက်ခရီနဲ့ ပရိသတ်တွေက မေ ၃၀ ရက်နေ့မှာ နှုတ်ဆက်ညစာစားပွဲ ပြုလုပ်ပေးခဲ့ပါတယ်။ ဘာစီလိုနာတိုက်စစ်မှူး မက်စီ ဦးဆောင်တဲ့ အာဂျင်တီနားအသင်းဟာ နိုင်ငံတကာပွဲစဉ်တွေမှာ အကောင်းဆုံးပုံစံမရှိဘဲ အုပ်စုအဆင့် တက်လှမ်းနိုင်ဖို့အတွက် ရုန်းကန်ခဲ့ရပါတယ်။ နည်းပြ လူးဝစ္စ ဆမ်ပါအိုလီ ဦးဆောင်တဲ့ အာဂျင်တီးနားအသင်းဟာ Group D မှာ ခရိုအေးရှား၊ အိုက်စလန်၊ နိုင်ဂျီးရီးယား အသင်းတွေနဲ့ တစ်အုပ်စုထဲကျရောက်နေပြီး အသင်းရဲ့ ပထမဦးဆုံး အုပ်စုပွဲစဉ်အဖြစ် အိုက်စလန်အသင်းနဲ့ ဇွန်လ ၁၆ ရက်နေ့ စတင် ယှဉ်ပြိုင်ကစား သွားမှာဖြစ်ပါတယ်။
4 years Ago
Up