ဉပဒေချုပ်

March 20, 2021

စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နှင့် ဥပဒေချုပ်တို့၏ အာမခံလျှောက်ထားမှု ဧပြီ ၂ ရက်နေ့ဆုံးဖြတ်မည်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နဲ့ ဥပဒေချုပ် ဦးခင်မောင်လှတို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ အမှုဖွင့်ခံထားရပြီး မုံရွာထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားပါတယ်။

ဒီအမှုအတွက် လိုက်ပါကူညီနေတဲ့ တရားလွှတ်တော်ရှေ့နေဦးမိုးဇော်ထွန်းက ပြီးခဲ့တဲ့ ရုံးချိန်းမှာ အာမခံလျှောက်ထားခဲ့တာပါ။  မနေ့ကရုံးချိန်းမှာတော့ အာမခံလျှောက်ထားမှုကို မြို့နယ်ဥပဒေအရာရှိက ကန့်ကွက်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး လာမယ့် ဧပြီ ၂ ရက်နေ့မှာ အာမခံ ပေးသင့် မပေးသင့်ကို ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။ 

ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ကို ဦးနေထွန်းသန်းက တရားလိုပြုလုပ်ပြီး မုံရွာမြိုနယ်တရားရုံးမှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ)နဲ့လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ဥပဒေချုပ် ဦးခင်မောင်လှကို မြို့နယ်ဒုအုပ်ချုပ်ရေးမှူး ဦးအာကာမြင့်က တရားလိုပြုလုပ်ပြီး မုံရွာမြို့နယ်တရားရုံးမှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) နဲ့လည်းကောင်း  အမှုဖွင်ထားတာပါ။

လက်ရှိမှာ ဝန်ကြီးချုပ်ကိုလည်း အဂတိနဲ့ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

9 months Ago
Up