ဈေးအလုပ်သမား ၁၅၀၀

May 12, 2020

ပီရူးနိုင်ငံက ဈေးအလုပ်သမား ၁၅၀၀ တွင် COVID-19 ပိုးတွေ့ရှိ

ပီရူးနိုင်ငံ မြို့တော်လီမာတောင်ပိုင်းက ဟင်းသီးဟင်းရွက်၊ သားငါးဈေးအတွင်း  အလုပ်သမား  အယောက် ၁၅၀၀ မှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိပြီးနောက် မေ ၁၁  ရက်က ဈေးထဲမှာ  ကျန်းမာရေးဝန်ထမ်းတွေ  ဗိုင်းရပ်စ် အမြန်စစ်ဆေးရေးလုပ်ငန်းကို စတင်နေပါတယ်။ ဗိုင်းရပ်စ် အမြန်စစ်ဆေးရေးကို ပီရူး ကျန်းမာရေးဝန်ကြီးဌာနက ကြီးကြပ်ပြီး ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်သားတွေလည်း ပူးပေါင်းပါဝင် ကူညီခဲ့ပါတယ်။ ဒါ့အပြင် ဈေးအတွင်း သန့်ရှင်းရေးသေချာလုပ်ဖို့  ဈေးကို ပိတ်ခဲ့ပါတယ်။ အဲဒီလို  ဗိုင်းရပ်စ်  ရှိ၊ မရှိ အမြန်စစ်ဆေးပေးတဲ့လုပ်ငန်းကို ပီရူးနိုင်ငံတဝန်းက တခြား ဟင်းရွက်သားငါးဈေးတွေမှာလည်း လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ တချိန်တည်းမှာပဲ ကိုရိုနာဗိုင်းရပ်စ် ဆိုးဆိုးရွားရွားဖြစ်နေတဲ့ အီကီတပ်စ်မြို့က ကူးစက်ခံ ဆရာဝန်တွေကိုလည်း ဆေးကုသပေးဖို့ ကတ်ယောင်းမြို့ကို လေယာဉ်နဲ့  ပို့ဆောင်ပေးခဲ့ပါတယ်။    အီကီတပ်စ်မြို့က ဆရာဝန် ၁၅၀ ခန့်ဟာ ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် အလုပ်တွေကို ရပ်နားခဲ့ပါတယ်။ ပီရူးနိုင်ငံမှာ  ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၆၈,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၁,၉၀၀ ကျော်    တယ်လို့ Worldometer ဝက်ဘ်ဆိုက် ဖော်ပြချက်အရ သိရပါတယ်။   
11 months Ago
Up