ဈေးသည်တဦး ပစ်သတ်ခံရ

September 4, 2021

ယင်းမာပင်မြို့နယ်၌ စျေးသည် ၁ ဦးကို စစ်​တပ်က ပစ်သတ်

စစ်​ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ အောင်​ဇေယျမြို့သစ် (မုံရွာပုသိမ်လမ်းခွဲ) ကုန်စိမ်း​စျေးတန်း​ရှေ့နဲ့ DENKO ဆီဆိုင်​ရှေ့ကြားမှာ စက်တင်ဘာ ၃ ရက် ညပိုင်းက ​စျေးသည် ၁ ဦးကို ​စစ်​ကောင်စီတပ်သား​တွေက သေနတ်နဲ့ပစ်ခတ်တာကြောင့် သေဆုံးသွားတယ်လို့ သိရပါတယ်။

​ဒေသခံ​တစ်ဦးက “ည ၇ နာရီခွဲ​လောက်ရှိမယ်၊ မုံရွာမြို့ ကန်သာယာအ​ရှေ့ဘက်မှာရှိတဲ့ ပျံကျ​စျေးတန်းကို မနက်​စောပိုင်းအမီ ရောင်းချဖို့သွားတဲ့  ​စျေးသည် ၁ ဦးကို စစ်​ကောင်စီတပ်သား​တွေက ​သေနတ်နဲ့ပစ်လိုက်တာ၊ ရပ်​​ဝေး​စျေးသည်​တွေက မနက်​စျေးမီဖို့ ညအိပ်အ​ရောက်လာကြတာ​တွေရှိတယ်။ အပစ်ခံရတဲ့ ​စျေးသည်က အပစ်ခံရပြီးပြီးချင်းတုန်းက​တော့ မ​သေ​သေးဘူး​။ ၈ နာရီ​နောက်ပိုင်းမှ ​သေသွားတယ်”လို့ ပြောပါတယ်။

​သေဆုံးသွားတဲ့ ဈေးသည်ဟာ အမျိုးသားဖြစ်ပြီး သူ့ရဲ့ အမည်နဲ့​နေရပ်လိပ်စာကို မသိကြ​သေးဘူးလို့  ​ဆိုပါတယ်။

​အောင်​ဇေယျမြို့သစ်ဟာ ​ရွှေ​တောင်ဦးဘုရားအနီး မုံရွာ-ယာကြီး က​လေးဝ လမ်းပိုင်းနဲ့ မုံရွာ-ပုသိမ် ကားလမ်းပိုင်း လမ်းဆုံ​နေရာမှာ တည်ရှိကာ စစ်မှုထမ်း​ဟောင်း​တွေ အများစုနေထိုင်တဲ့ ရပ်ကွက်ဖြစ်ပြီး အာဏာသိမ်းပြီး​နောက်ပိုင်း စစ်​ကောင်စီတပ်​တွေ အမြဲတမ်းအ​ခြေချ တည်းခိုတဲ့ ​နေရာလည်း ဖြစ်ပါတယ်။

3 months Ago
Up