ဈေးဝယ်ထွက်သူ

A d v e r t i s e m e n t With Us

April 5, 2020

ပြင်သစ်တွင် ဈေးဝယ်ထွက်သူများကို လူတဦးက ဓားဖြင့်တိုက်ခိုက်၊ ၂ ဦးသေဆုံး

ပြင်သစ်နိုင်ငံအရှေ့တောင်ပိုင်းက မြို့ တမြို့မှာ ဈေးဝယ်ထွက်နေသူတွေကို အမျိုးသား တယောက်က ဓားတချောင်းနဲ့ ဧပြီလ ၄ ရက်က တိုက်ခိုက်ခဲ့တာကြောင့် ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြင်သစ် အရာရှိတွေက ပြောပါတယ်။ ဒီမြို့ဟာ လောလောဆယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် အသွားအလာ ပိတ်ပင်ထားပြီး မရှိမဖြစ် ပစ္စည်းတွေ ဝယ်ဖို့  လူတွေ အပြင်ထွက်ခွင့် ရတဲ့ မြို့ပါ။ တိုက်ခိုက်သူဟာ အကြမ်းသမားတွေ သွားတဲ့ ခရီးကို ထွက်လာခဲ့သူလို့ မြို့ကို လာစစ်ဆေး ခဲ့တဲ့ ပြည်ထဲရေး ဝန်ကြီး ခရစ်စတို့ဖှ် ကတ်စ်တာနာက ပြောပါတယ်။  ဒီလုပ်ရပ်ဟာ အကြမ်းဖက်လုပ်ရပ်ဖြစ်ဖို့ အရည်အသွေး သတ်မှတ်ချက် ကိုက်ညီသလား ဆို တာ အကြမ်းဖက်တိုက်ဖျက်ရေး အစိုးရရှေ့နေက ဆုံးဖြတ်လိမ့်မယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။ မုန့်ဖုတ်ဆိုင် အပြင်ဘက်မှာ ဖောက်သည်တွေ တန်းစီနေတုန်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်သူကို ဖမ်းမိထားပြီလို့ မြို့တော်ဝန်က ပြောပါတယ်။  သံသယရှိသူဟာ ဆူဒန်နိုင်ငံသားဖြစ်ပြီး ပြင်သစ်မှာ ခိုလှုံခွင့် ရထားသူလို့ BFM TV နဲ့ LCI TV သတင်းဌာနတို့မှာ ဖော်ပြထားပါတယ်။
11 months Ago
Up