ဈေးဝယ်ထွက်ခွင့် ပိတ်ပင်

A d v e r t i s e m e n t With Us

December 27, 2020

ကိုဗစ်ကူးစက်မှုအန္တရာယ် ကာကွယ်နိုင်ရေး ဝုဗ်ကစားသမားများကို ဈေးဝယ်ထွက်ခွင့် ပိတ်ပင်

ဝုဗ်အသင်းဟာ ကစားသမားတွေ ကိုဗစ်-၁၉ ကူးစက်မှုအန္တရာယ် ကာကွယ်နိုင်ဖို့အတွက် ကစားသမားတွေကို စူပါမားကတ်တွေမှာ ဈေးဝယ်ထွက်ခွင့် ပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။ ဗြိတိန်အစိုးရက  လော့ဒ်ဒေါင်းကို အဆင့် ၄ စနစ် ပြောင်းလဲကျင့်သုံးခဲ့တာကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ပရီးမီးယားလိဂ်အသင်းတချို့ဟာ ကွင်းထဲကို ပရိသတ်တွေ ပြန်လည်ဝင်ရောက်ခွင့်ပြုခဲ့ပါတယ်။  ဒါပေမဲ့ နိုင်ငံတွင်း ရောဂါကူးစက်မှုတွေ ပြန်လည်မြင့်တက်လာခဲ့တာကြောင့် အစိတ်အပိုင်း အများအပြားကို တင်းကျပ်တဲ့ စည်းကမ်းသတ်မှတ်မှုတွေအောက်ပြန်ပို့ခဲ့ပြီး လီဗာပူးနဲ့ အဲဗာတန် ၂ သင်းထဲသာ ကွင်းထဲကို ပရိသတ်တွေ ဝင်ရောက်ခွင့်ရှိပါတော့တယ်။ မကြာသေးခင်ကလည်း နယူးကာဆယ်အသင်းရဲ့ ကစားသမားတွေမှာ ပိုးတွေ့ရှိခဲ့ပြီး အုပ်စုဖွဲ့လေ့ကျင့်ရေး လုပ်ဆောင်ဖို့တောင် အဆင်မပြေခဲ့တာကြောင့် နယူးကာဆယ်နဲ့ အက်စတွန်ဗီလာအသင်းတို့ရဲ့ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ရပါတယ်။  ဒါဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒီရာသီအတွင်း ရွှေ့ဆိုင်းရတဲ့ တစ်ခုတည်းသော ပွဲစဉ်လည်း ဖြစ်ပါတယ်။  လက်ရှိအချိန်မှာ ပွဲစဉ်ဇယားတွေ တင်းကြပ်လာတာနဲ့အတူ ပရီးမီးယားလိဂ် တာဝန်ရှိသူတွေဟာ အသင်းတွေမှာ တစ်ပတ်ကို ၂ ကြိမ်ဆေးစစ်မှုတွေ လုပ်ဆောင်လာခဲ့ပြီး ဝုဗ်အသင်းကလည်း သူတို့ကစားသမားတွေ ရောဂါကူးစက်မှု ကာကွယ်နိုင်ဖို့ အခုလို လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။ “ဒါဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်းပါ။ ကပ်ရောဂါကြီး စကတည်းက ကျနော်တို့ရဲ့ မီးဖိုချောင်ဝန်ထမ်းတွေဟာ လိုအပ်တဲ့ အခြေခံပစ္စည်းပစ္စယတွေကို သေတ္တာကြီးတစ်ခုတည်းမှာ စုထည့်ပေးထားပါတယ်။ ကပ်ရောဂါရဲ့ အပြင်းထန်ဆုံးကာလတွေမှာ လူတိုင်းက ဒီထဲကပစ္စည်း တွေကို အသုံးပြုခဲ့ကြပါတယ်။ အခြေအနေတွေ တိုးတက်ကောင်းမွန်လာချိန်မှာ ကျနော်တို့အနေနဲ့ ကိုယ်လိုချင်တာကို လွတ်လပ်စွာ သွားလာဝယ်ယူခွင့်ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ အခြေအနေတွေက ပိုမိုမြင့်တက်လာပြီး လူတိုင်းဟာလည်း စိုးရိမ်မှုအသစ်တွေရှိလာပါတယ်။ ဒါ့ကြောင့် ကျနော်တို့ ဒါကိုပြန်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကစားသမားတွေနဲ့ သူတို့မိသားစုဝင်တွေဟာ စူပါမားကတ်တွေကို သွားခွင့်ရှိတော့မှာ မဟုတ်ပါဘူး။ ဒါဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်မှုပါ” လို့ ဝုဗ်နည်းပြ နူနိုဆန်းတို့စ်က ပြောပါတယ်။
2 months Ago
Up