ဈေးဆိုင်များပိတ်

July 5, 2021

ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် သီပေါမြို့တွင် ဈေးဆိုင်များပိတ်ထား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ အယောက် ၁၀၀ ကျော်ရှိလာပြီးနောက် ဇူလိုင် ၅ ရက်  ဒီနေ့မနက်ပိုင်းကစတင်  မြို့ပေါ်ရှိ ဆိုင်တချို့ပိတ်ထားကာ   Stay At Home ပုံစံနဲ့  ဒေသခံတွေ နေအိမ်မှာပဲ နေထိုင်နေကြပါတယ်။  

Photo - THA

7 months Ago

ပုသိမ်မြို့တွင် ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ဈေးဆိုင်များစပိတ်

ဧရာဝတီတိုင်းမြို့တော်၊ ပုသိမ်မြို့ရှိ စည်ပင်သာယာပိုင် ​စျေးတွေမှာ အစားအ​သောက်ကုန်နဲ့ ဆေးဆိုင်တွေကလွဲပြီး  ကျန်ဆိုင်တွေအားလုံး ဇူလိုင် ၅ ရက်နေ့ စတင်  ပိတ်သိမ်းဖို့ စစ်ကောင်စီ ကျန်းမာရေးဌာနက ညွှန်ကြားထားပါတယ်။

“ဒီ​နေ့ စပိတ်သိမ်းဖို့ စာထုတ်တယ် ကြားတယ်။ နောက်ကျ​နေပြီ။ ကိုဗစ်ပိုး​တွေ့တာ များများလာ​နေပြီး​လေ။  ပိုး​တွေ့ကတည်းက  ​ကျောင်း​တွေ၊  စျေး​တွေ ပိတ်ရမှာ ​ခေါင်းရွက်ဗျပ်ထိုးတွေ  လူစုလူ​ဝေးမဖြစ်​အောင် ​ဆောင်ရွက်ရမှာ။  သူတို့ ​ရောဂါထိန်းချုပ်နိုင်ပုံ မရှိဘူး၊ အဓိက ပြည်သူအ​ပေါ် ​စေတနာထားတာ မထားတာ ကွာသွားပြီ”လို့ ပုသိမ်မြို့ခံတစ်ဦးက​ ပြောပါတယ်။

အရင် အန်အယ်လ်ဒီ အစိုးရ လက်ထက် ကိုဗစ်-၁၉ ပိုး စတင်​တွေ့ရှိချိန်  လူစုလူ​ဝေးမဖြစ်​အောင် စီမံ​ဆောင်ရွက်တာ၊ ပြည်သူ အသိပညာ​ပေးချင်လုပ်ငန်းတွေ ကြိုတင်စီမံ​ဆောင်ရွက်ခဲ့​တယ်လို့ ပုသိမ်မြို့နေပြည်သူတွေက ပြောပါတယ်။

ပုသိမ်မြို့လယ်ရှိ ​ရွှေမု​ဋ္ဌောဘုရားမှာ ဒီ‌မနက်  အမျိုးသမီးတစ်ယောက် အသက်ရှူကြပ် သေဆုံးခဲ့​ပါတယ်။ 

ပုသိမ်မြို့မှာ Stay at home ကြေညာထားပြီး  ​ကျောင်းတွေကိုလည်း ဒီနေ့စတင်  ယာယီပိတ်ထား​​ပါတယ်။ ဇူလိုင်  ၄ ရက်​က  ပုသိမ်မှာ  ကိုဗစ်-၁၉ လူနာသစ် ၁၀၇ ဦး ထပ်တိုး​တွေ့ရှိ ထားပါတယ်။

7 months Ago
Up