ဈေးကြီးပေး

A d v e r t i s e m e n t With Us

December 25, 2019

ပရီးမီးယားလိဂ်အသင်းများ အပြောင်းအရွှေ့ဈေးကြီးပေးခဲ့ရသော်လည်း အကျိုးမရှိဖြစ်နေ

ပရီးမီးယားလိဂ်အသင်းတွေအနေနဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့ကာလမှာ ကစားသမားသစ်တွေ ခေါ်ယူနိုင်ရေးအတွက် အသည်းအသန် ကြိုးပမ်းနေကြပြီး အချို့ အပြောင်းအရွှေ့တွေကတော့ ဈေးကြီးပေးခဲ့ရပေမယ့် အကျိုးမရှိ ဖြစ်ခဲ့ပါတယ်။  ဒီအပြောင်းအရွှေ့ ၁၀ ခုကို‌ စပေါ့မေးလ်က ဖော်ပြခဲ့ပြီးတော့ စုစုပေါင်း ကုန်ကျစရိတ်ဟာလည်း ပေါင်သန်း ၂၃၀ ကျော်ထိ ရှိခဲ့ပါတယ်။  အဲဒီအပြောင်းအရွှေ့ ၁၀ ခုထဲမှာ‌တော့ ဆွမ်ဆီးအသင်းကနေ မန်ချက်စတာစီးတီးအသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ ဝေလ်ဖရိုင်းဘိုနီ အပါအဝင် တောရက်စ်ကွာဒွါဒို၊ အန်ဒီကာရိုးလ် အစရှိတဲ့ ကစားသမားတွေ ပါ၀င်နေပါတယ်။  ဆွမ်ဆီးမှာ ‌ခြေစွမ်းပြခဲ့တဲ့ ဘိုနီကိုတော့ မန်ချက်စတာစီးတီးအသင်းက‌ ‌ပေါင် ၂၈ သန်းနဲ့ ခေါ်ယူခဲ့ပေမယ့် တိုက်စစ်မှူး ကန်အဂွဲရိုးကို မကျော်နိုင်ခဲ့လို့ စတုခ်စီးတီးကို ပြောင်းပြီးနောက်မှာတော့ ဆွမ်းဆီးမှာ ခြေစွမ်းပြန်ပြနေပါတယ်။ နယူးကာဆယ်အသင်းကနေ စံချိန်တင် ပေါင် ၅၃ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ အန်ဒီကာရိုးလ်ကတော့ မှန်းချက်နဲ့ နှမ်းထွက်မကိုက် ဖြစ်ရတဲ့ နာမည်ကြီး အပြောင်းအရွှေ့ ဖြစ်ပါတယ်။  အရပ်အမောင်း မြင့်မားတဲ့ အင်္ဂလန် တိုက်စစ်မှူးဟာ မထင်မှတ်တဲ့ ခြေစွမ်းတွေနဲ့ ပရိသတ်ကို စွဲဆောင်နိုင်ခဲ့ပေမယ့် လီဗာပူး ရောက်ရှိချိန်ကစလို့ ဒဏ်ရာပြဿနာတွေနဲ့ လုံးပန်းနေရပြီး ဝက်စ်ဟမ်းအသင်း၊ နယူးကာဆယ်အသင်းတို့ကို ပြောင်းရွှေ့သွားခဲ့ရပါတယ်။  အန်ဇီအသင်းကနေ ပေါင် ၁၂ သန်းနဲ့ ကျူပီအာကို ပြောင်းရွှေ့လာခဲ့တဲ့ နာမည်ကျော် နောက်ခံလူ ဆမ်ဘာဟာလည်း အသင်းရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်မယ့်သူလို့ အမွှမ်းတင် ဖော်ပြခံရပေမယ့် တကယ်တမ်းမှာတော့ လူမသိသူမသိနဲ့ပဲ အဆုံးသတ်ခဲ့ပါတယ်။ အဆိုးရွားဆုံး အပြောင်းအရွှေ့ကတော့ စပိန်တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ် ပေါင်သန်း ၅၀ နဲ့ ချဲလ်ဆီးက ခေါ်ယူမှု ဖြစ်ခဲ့ပါတယ်။  တောရက်စ်ဟာ လီဗာပူးမှာ ၁၄၁ ပွဲ ကစားပြီ ၈၄ ဂိုးအထိ သွင်းယူခဲ့လို့ အဲဒီအချိန်က အယ်ဆမ်လော်တီ ကိုင်တွယ်ခဲ့တဲ့ ချဲလ်ဆီးအသင်းက မျက်စိကျ ခေါ်ယူခဲ့ပေမယ့် သိသိသာသာ ခြေစွမ်းကျဆင်းခဲ့သလို ၃ ရာသီခွဲမှာ သွင်းဂိုး ၂၀ သာ ရရှိခဲ့တဲ့ တိုက်စစ်မှူး ဖြစ်ခဲ့ပါတယ်။  အကျိုးရှိတဲ့ ဇန်နဝါရီလ အပြောင်းရွှေ့တွေလည်း ရှိခဲ့ပြီးတော့ ဗန်ဒိုက်ကတော့ နာမည်ကြီး သာဓက ဖြစ်ပါတယ်။
1 year Ago
Up