ဈေး

A d v e r t i s e m e n t With Us

January 17, 2021

ကိုဗစ်စည်းကမ်းလိုက်နာမှု အားကောင်းလာလျှင် ဖျာပုံရှိ ဈေးများ အချိန်တိုးဖွင့်လှစ်မည်

ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ရောဂါ စည်းကမ်းတွေကို လိုက်နာမှု အားကောင်းလာပါက ဖျာပုံမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးတွေကို အချိန်ထပ်တိုးပြီး ဖွင့်လှစ်ပေးသွားမယ်လို့ သိရပါတယ်။  ဖျာပုံမြို့မှာ စည်ပင်သာယာအဖွဲ့ပိုင်ဈေး ၇ ဈေးနဲ့ ပျံကျဈေး ၅ ဈေးကို ဇန်နဝါရီ ၇ ရက်နေ့က စတင်ပြီး မနက် ၆ နာရီကနေ နေ့လယ် ၂ နာရီအထိ ကိုဗစ်စည်းကမ်းနဲ့အညီ ရောင်းချဖို့ ဖြေလျှော့ပေးလိုက်တယ်လို့ ဖျာပုံမြို့နယ် စည်ပင်သာယာရေးအဖွဲ့က သိရပါတယ်။ စည်းကမ်းလိုက်နာမှု အားကောင်းလာရင် အားကောင်းလာသလို့ ဈေးတွေကို အချိန်တိုးပြီး ဖွင့်လှစ်ပေးသွားမယ်လို့ ဖျာပုံမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်ဇော်ဝင်းက ပြောပါတယ်။ ရောဂါကူးစက်မှုတွေကို ကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် ဈေးတွေမှာ ပြည်သူလူထုတွေ ထိထိရောက်ရောက် သိရှိနိုင်ဖို့အတွက် အသိပညာပေးလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေတယ်လို့ ဖျာပုံမြို့ ခုတင် ၂၀၀ ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်ဇင်မာစိုးက ဆိုပါတယ်။  ဖျာပုံမြို့နယ်မှာ ကိုဗစ်ကာလစတင်ချိန်ကနေ ဒီနေ့အထိ ကိုဗစ်အတည်ပြုလူနာ ပေါင်း ၂၂၃ ရှိတဲ့အနက် လက်ရှိ ဆေးကုသမှုခံယူနေသူ ကိုဗစ်လူနာ ၉ ဦးရှိပြီး ကျန်သူတွေက ဆေးရုံက ဆင်းသွားပြီလို့ ဖျာပုံဆေးရုံအုပ်ကြီး ဒေါက်တာ ဇင်မာစိုးက ပြောပါတယ်။ ဖျာပုံမြို့နယ်မှာတော့ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် mask၊ မျက်နှာကာတွေ အခမဲ့ပေးဝေးပြီး ဈေးသည်တွေ၊ ပြည်သူတွေ၊ နှာခေါင်းစည်း၊ မျက်နှာကာတွေ တပ်ဆင်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း - ကျော်စိုးမိုး
1 month Ago

November 29, 2020

လူစည်ကားသည့် နယူးဒေလီ ဈေးများတွင် ကိုဗစ်-၁၉ သတိပေး လံချားများ ထားရှိ

အိန္ဒိယနိုင်ငံရဲ့ မြို့တော်နယူးဒေလီက လမ်းပေါ်မှာ ဈေးဝယ်သူတွေ နိုဝင်ဘာ ၂၈ ရက်က ပြည့်ကျပ်နေပါတယ်။ နိုင်ငံတလွှားမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ အရေအတွက် သိသိသာသာ တိုးနေတာပါ။ လူချင်းခွာနေဖို့၊ စည်းမျဥ်းတွေကို လေးစားဖို့နဲ့ ပါးစပ် နှာခေါင်းစည်းတွေ ဝတ်ကြဖို့ အရေးကြီးတဲ့ အကြောင်း စတဲ့ ဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့အချက်တွေ ပိုသတိထားမိအောင်၊ နယူးဒေလီက ဒေသန္တရ အာဏာပိုင်တွေက ဈေးတွေမှာ ဗိုင်းရပ်စ်ဆိုင်ရာ သတိပေးချက်တွေ ဆင်ယင်ထားတဲ့ လံချားတွေကို စေလွှတ်ခဲ့ပါတယ်။ စနေနေ့ တရက်တည်းမှာ အသစ်ကူးစက်ခံ ၄၁,၃၂၂ ဦး ရှိပြီး တရက်တည်း ကူးစက်ခံ သေဆုံးသူ ဦးရေ ၄၈၅ ဦး ရှိခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ ဒီနေ့မနက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၉ ဒသမ ၃၉ သန်းနဲ့ သေဆုံးသူ ၁၃၆၀၀၀ ကျော်ရှိပြီး အမေရိကန်ပြီးနောက် ကိုဗစ်ကူးစက်ခံရမှဒ ဒုတိယဆုံး နိုင်ငံလည်း ဖြစ်ပါတယ်။
3 months Ago
More News
Up