ဈာပန ကျင်းပ

September 20, 2020

ထိုင်ဝမ်သမ္မတဟောင်း မစ္စတာဒီမိုကရေစီ၏ ဈာပန ကျင်းပ

မစ္စတာ ဒီမိုကရေစီလို့ ခေါ်ကြတဲ့ ထိုင်ဝမ်သမ္မတဟောင်း လီတန်ဟွေးရဲ့ဈာပန အခမ်းအနား ကို  စက်တင်ဘာလ ၁၉ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။  ထိုင်ဝမ်ရေလက်ကြားအနီး တရုတ်စစ်တပ် စစ်ရေးလေ့ကျင့်နေချိန်မှာပဲ သမ္မတဟောင်း လီရဲ့ ဈာပနကို ကျင်းပခဲ့ပါတယ်။  လီဟာ ၁၉၉၆ ခုနှစ်တုန်းက  ထိုင်ဝမ်ရဲ့ ဒီမိုကရေစီ နည်းလမ်းတကျ ပထမဆုံးရွေးကောက် တင်မြှောက်ခံရတဲ့ ခေါင်းဆောင်ဖြစ်လာခဲ့သူပါ။  သူဟာ ၁၉၈၈ ကနေ ၂၀၀၀ ပြည့်နှစ်အထိ ထိုင်ဝမ်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အသက် ၉၇ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။  ထိုင်ဝမ်သမ္မတဟောင်း လီတန်ဟွေးရဲ့ ဈာပနပွဲကို အမေရိကန်ထိပ်တန်းအရာရှိ ကိသ်ခရပ်ချ်နဲ့ ဂျပန်ဝန်ကြီးချုပ်ဟောင်း ယိုရှီရိုမိုရီတို့ တက်ရောက်ခဲ့သလို  တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားကလည်း လီအတွက်  ကြိုတင်ရိုက်ကူးထားတဲ့ ဗွီဒီယိုကို ပေးပို့ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
1 year Ago
Up