ဇွမ်ဘီရုပ်ရှင်စီးရီးစ်

May 12, 2020

အိန္ဒိယ ဇွမ်ဘီရုပ်ရှင်စီးရီးစ် - Betaal ကို Netflix မှ ထုတ်လွှင့်ပြသမည် (ရုပ်ရှင်နမူနာ)

သွေးပျက်ထိတ်လန့်စရာ ဇာတ်ဝင်ခန်းတွေနဲ့ ရှုစားကြရမယ့် အိန္ဒိယဇွမ်ဘီရုပ်ရှင် စီးရီးစ်-Betaal ကို အွန်လိုင်းမီဒီယာပလက်ဖောင်းတခုဖြစ်တဲ့ Netflix ကနေ ထုတ်လွှင့် ပြသသွားမှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ ဒါရိုက်တာ Patrick Graham က ကိုယ်တိုင်ဇာတ်ညွှန်းခွဲပြီး ကိုယ်တိုင်ပဲ ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး Blumhouse Productions နဲ့ Red Chillies Entertainment တို့က ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဇွမ်ဘီရုပ်ရှင်ကားတွေရဲ့ ထုံးစံအတိုင်းပဲ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀ လောက်က ဗြိတိန်-အိန္ဒိယ စစ်တပ်အရာရှိနဲ့ သူ့နောက်ပါ သွေးစုပ်ဖုတ်ကောင် ဇွမ်ဘီတပ်က ကျေးရွာလေးတရွာကို ဦးတည်တိုက်ခိုက်ခံရမှု ဖြစ်လာချိန်မှာ အကာအကွယ်ပေးကြတဲ့ ရဲအရာရှိတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ကြရတဲ့ ရိုက်ချက်မြင်ကွင်းတွေနဲ့အတူ ရင်တထိတ်ထိတ်နဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဟင်ဒီဘာသာစကားပြော ရုပ်ရှင်ကားတကားအနေနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ အိန္ဒိယသရုပ်ဆောင် မင်းသား မင်းသမီး ၂ လက်ဖြစ်တဲ့ Vineet Kumar Singh နဲ့ Aahana Kumra တို့က ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီကားကိုတော့ လာမယ့် မေလ ၂၄ ရက်နေ့က စတင်ပြီး Netflix မှာ စတင်ပြီး တော့ ထုတ်လွှင့်ပြသသွားမယ်လို့ ကြေညာထားပါတယ်။
12 months Ago
Up