ဇြမ္ဘီလူသား

August 3, 2018

တကိုယ်လုံးတက်တူးအပြည့်နှင့် နာမည်ကြီး ဇွမ်ဘီလူသား နေအိမ်တွင် သေကြောင်းကြံ

ကိုယ်ခန္ဓာအနှံ့ တကိုယ်လုံး တက်တူးတွေအပြည့်နဲ့ ဇွမ်ဘီလူသားဆိုပြီး နာမည်ကြီးခဲ့တဲ့ ကနေဒါမော်ဒယ် ရစ်ခ်ဂျန်းနက်စ်ထ်ဟာ သြဂုတ် ၁ ရက်နေ့က နေအိမ်မှာ သေဆုံးသွားခဲ့ပါတယ်။ ရစ်ခ်ဟာ သေဆုံးချိန်မှာ အသက် ၃၂ နှစ်အရွယ် ရှိပြီး ကနေဒါနိုင်ငံ၊ မွန်ထရီရယ်လ်က သူ့ရဲ့နေအိမ်မှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့တာ ဖြစ်တယ်လို့ သတင်းအစီရင်ခံစာတွေမှာ ဖော်ပြပါတယ်။ တက်တူးတွေဟာ သူ့ရဲ့ဦးခေါင်းခွံ အပါအဝင် ခြေလက် နေရာအနှံ့ ထိုးထားခဲ့တာဖြစ်ပြီး အဆိုတော် လေဒီဂါဂါရဲ့ ၂ဝ၁၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ Born This Way ဂီတရုပ်သံဗွီဒီယိုထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့အပြီး နာမည်ကြီးလာခဲ့တာပါ။ သူသေဆုံးခဲ့ရတဲ့အပေါ် လေဒီဂါဂါက အကြီးမားဆုံး ဆုံးရှုံးမှုတခုဖြစ်တယ်လို့ ပြောခဲ့တာပါ။ သူ့ရဲ့ တွစ်တာ လူမှုကွန်ရက် စာမျက်နှာပေါ်မှာတော့ “ကျမတို့အတူတူ ယဉ်ကျေးမှုတခုကို ပြောင်းလဲပစ်ဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ကြတာပါ” ဆိုပြီး သူနဲ့ ရစ်ခ် အတူရိုက်ထားခဲ့တဲ့ ပုံတပုံနဲ့အတူ ဝမ်းနည်းကြောင်း ရေးထားခဲ့ပါတယ်။ ရစ်ခ်ဟာ သူ့ရဲ့ ၃၃ နှစ်ပြည့်မွေးနေ့ မရောက်ခင် ၆ ရက်အလိုမှာ သေဆုံးခဲ့တာဖြစ်ပြီး သူ့ရဲ့ ကိုယ်ရေးတာဝန်ရှိသူတွေကတော့ ဒီသတင်းဟာ အံ့အားသင့် ထိတ်လန့် နာကျင်စေခဲ့ရတယ်လို့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ မျှဝေထားခဲ့ပါတယ်။ “ကျနော်တို့ ဒီသတင်းဆိုးကို နေ့လယ်လောက်မှာ စသိခဲ့ရပြီး လက်ရှိမှာတော့ ပူဆွေးဝမ်းနည်းနေတဲ့ မိသားစုဝင်တွေနဲ့ ဆွေမျိုးသားချင်းတွေရဲ့ ခက်ခဲတဲ့ အချိန်တွေအတွက် နှစ်သိမ့်ပေးနေကြပါတယ်။ ဒီအတွက်လည်း တကယ့်ကို နက်နက်နဲနဲ စိတ်မကောင်းဖြစ်ရပါတယ်။”
5 years Ago
Up