ဇော်သိန်းဝင်

January 31, 2020

ရခိုင်ယူနိုက်တက်ကစားသမား ဇော်သိန်းဝင်းကွယ်လွန်၊ MNL ပွဲစဉ်များ ၁ မိနစ်ငြိမ်ဆုတောင်းမည်

ရခိုင်ယူနိုက်တက်ကစားသမား ဇော်သိန်းဝင်း ဒီနေ့မနက်အစောပိုင်းက ကွယ်လွန်တာခဲ့ပြီး အခုတပတ်ကစားမယ့် MNL ပွဲစဉ်တိုင်းမှာ ပွဲမစခင် ၁ မိနစ်ငြိမ်သက်ဆုတောင်းမယ်လို့ မြန်မာနေရှင်နယ်လိဂ်စီအီးအို ဦးစိုးမိုးကျော်က ပြောပါတယ်။ "အခုတပတ် ပွဲစဉ်အားလုံးမှာ ပွဲမစခင် တမိနစ်ငြိမ်သက်ဆုတောင်းဖို့ အခုပဲ ကျနော်တို့ အကြောင်းကြာထားပါတယ်။ လက်ပတ်အနက်ကတော့ ကစားတဲ့အချိန်မှာ ပတ်ရတာ အခက် အခဲရှိတဲ့အတွက် မလုပ်ဖြစ်တာပါ" လို့ ပြောပါတယ်။ ဇော်သိန်းဝင်းဟာ ဇန်နဝါရီ ၂၇ ရက်ညပိုင်းက စစ်တွေမြို့မှာ အဖော်တဦးနဲ့အတူ ဆိုင်ကယ်မတော်တဆမူဖြစ်ပွားခဲ့တာပါ။ နောက်ကလိုက်ပါလာတဲ့ အမျိုးသမီးအဖော်ဖြစ်သူမှာ ဦးခေါင်းကြေမွဒဏ်ရာနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပါတယ်။ ဇော်သိန်းဝင်းကတော့ ဦးခေါင်းရိုးကျိူးဒဏ်ရာကြောင့် စစ်တွေ ဆေးရုံမှာ ခွဲစိတ်ကုသခဲ့ရပြီး မသက်သာတာကြောင့် ဇန်နဝါရီ ၃၀ ရက်က စင်းလုံးငှား လေယာဉ်နဲ့ ရန်ကုန်ဆေးရုံကြီးမှာ ပြောင်းရွှေ့ကုသခဲ့ပြီး ဒီနေ့မနက် (၀၀း၂၃) နာရီမှာ ကွယ်လွန်ခဲ့တာပါ။ အသက် ၂၃ နှစ်ရှိ ကျောက်ဖြူဇာတိ ဇော်သိန်းဝင်းဟာ ရခိုင်လူငယ်အသင်းကနေ ပေါ်ထွက်လာသူဖြစ်ပြီး ခြေစွမ်းခြေစရှိတဲ့ ကစားသမားတဦးအဖြစ်သတ်မှတ်ခံထားရပါတယ်။    
1 year Ago
Up