ဇော်ဝင်းထွဋ်

A d v e r t i s e m e n t With Us

February 2, 2021

စီးတီးအက်ဖ်အမ် တေးဂီတဆု ဇော်ဝင်းထွဋ်၊ မေလသံစဉ်နှင့် အနုပညာရှင်များရရှိ

နှစ်စဉ် ခမ်းခမ်းနားနား ကျင်းပလေ့ရှိတဲ့ စီးတီးအက်ဖ်အမ်ရဲ့ တေးဂီတဆုပေးပွဲကို  အခုနှစ်မှာတော့ ကိုဗစ်-၁၉ ကူးစက်ပျံ့ပွားမှု အန္တရာယ်ကြောင့် အွန်လိုင်းကတဆင့် ကျင်း ပခဲ့ပြီး ဆု ၆ ဆုသာ ချီးမြှင့်နိုင်ခဲ့ပါတယ်။

အခုနှစ်မှာတော့ ဒီဆုပေးပွဲကို ကျင်းပလာတာ ၁၉ ကြိမ်မြောက် ရှိလာခဲ့ပြီဖြစ်ကာ Virtual Ceremony အနေနဲ့ ဇန်နဝါရီ ၃၀ ရက်ညပိုင်းက ထုတ်လွှင့်တင်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။

ဆုရရှိသွားကြတဲ့ အနုပညာရှင်တွေကတော့ မြန်မာသံစဉ်တေးသီချင်း သီဆိုသူဆု ကို ဂန္ထဝင်တေးအလှများ တေးအယ်လ်ဘမ်နဲ့ တေးသံရှင် ဘာဘရာ၊ အကောင်းဆုံး အ မျိုးသားတေးသံရှင်ဆုကို ဇော်ဝင်းထွဋ်၊ အကောင်းဆုံး အမျိုးသမီးတေးသံရှင်ဆုကို မေလ သံစဉ်၊ ဂီတမျိုးဆက်သစ်ဆုကို ကမ္ဘာ့အပြင်သွားပါ ကိုရိုနာ-Go Away Corona သီချင်းကို ရေးသားခဲ့သူ ဒေါက်တာ ဖြိုးဝေလင်း၊ စီးတီးအက်ဖ်အမ်မှာ တေးသီချင်းတောင်းဆိုခံရမှု အများဆုံး အမျိုးသားတေးသံရှင်ဆုကို ဖြိုးမြတ်အောင်နဲ့ တေးသီချင်းတောင်းဆိုခံရမှု အ များဆုံး အမျိုးသမီးတေးသံရှင်ဆု ကို နီနီခင်ဇော်တို့က ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၁၈ ကြိမ်မြောက် ဆုပေးပွဲ အခမ်းအနားမှာတော့ ဆုပေါင်း ၈ ဆုရွေးချယ် ချီးမြှင့်ခဲ့ပြီး ဆုရရှိခဲ့ကြတဲ့ ဂီတအနုပညာရှင်များကို ဆုတံဆိပ်နဲ့ ရွှေ ၁ ကျပ်သားစီ ချီး မြှင့်ခဲ့တာ ဖြစ်ပါတယ်။ 

အခုနှစ်ရဲ့ Virtual Ceremony အခမ်းအနားမှာတော့ အစီအစဉ်တင်ဆက်သူအဖြစ် ဆန်းထွဋ်က  ပါဝင်ခဲ့ပြီး နာမည်ကြီး အင်ပါယာတေးဂီတအဖွဲ့နဲ့အတူ ပရိသတ်အချစ် တော် တေးသံရှင်တွေဖြစ်ကြတဲ့ ဇော်ဝင်းထွဋ်၊ မေဆွိ၊ ဖြိုးပြည့်စုံ၊ ဝိုင်းစုခိုင်သိန်း၊ ရတ နာမိုင်၊ သားသား၊ Eternal Gosh၊ နီနီခင်ဇော်၊ မိစန္ဒီ၊ ဖြိုးမြတ်အောင်၊ ဂျူဝယ်လ်၊ မေလ သံစဉ်၊ ချမ်းမြေ့မောင်ချိုစတဲ့ အဆိုတော်တွေ အများကြီးက ပါဝင်တင်ဆက်ပေးခဲ့ကြတာ ဖြစ်ပါတယ်။

1 month Ago

January 22, 2021

ဇော်ဝင်းထွဋ် ၅၇ နှစ်ပြည့် မွေးနေ့အမှတ်တရ “ရင်ခွင်ပြောင်းချိန်”သီချင်း(ရုပ်သံ)

       “ရင်ခွင်ထဲက ငှက်ကလေးရယ်… အတောင်တွေစုံပြီ ဆိုပေမယ့်… လောကကြီးက အပြောကျယ်လွန်းတော့… လေဆန်မှာ ပျံနေမယ့်… မင်းအတွက် စိုးရိမ်ခဲ့… ဒီနှောင်ကြိုး တွေ အဖြတ်ခက်ပြီကွယ်… ဒီအချိန်မှာ နောက်လှည့်ကြည့်မနေနဲ့တော့… လောကထဲကို သွားဖို့… ခြေလှမ်းတို့ အသင့်ပြင်ထားတော့… နှုတ်ဆက်မနေနဲ့… မေတ္တာတရားဆိုတာ တချိန်မှာ စွန့်လွှတ်ခြင်းကြုံမှာ သိပြီးသားပါ”        ဒါကတော့ ပရိသတ်တွေ သိကြပြီးဖြစ်တဲ့ ဝါရင့်ရော့ခ်စတား အဆိုတော်ကြီး ဇော် ဝင်းထွဋ်ရဲ့ မွေးနေ့အထိမ်းအမှတ် Live Recording အနေနဲ့ ထွက်ရှိလာခဲ့တဲ့ သီချင်း တပုဒ်ထဲက တေးသွား စာသားတွေ ဖြစ်ပါတယ်။        “ရင်ခွင်ပြောင်းချိန်”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ တေးရေး မြင့်မိုး အောင်က ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး ဇော်ဝင်းထွဋ်ရဲ့ ထွက်ရှိခဲ့ပြီးဖြစ်တဲ့ “မျှော်လင့် ချက်ကမ်းခြေ”တေးအယ်လ်ဘမ်ထဲမှာ ပါဝင်ခဲ့တဲ့ သီချင်းတပုဒ် ဖြစ်ပါတယ်။        ညီထွဋ်လို့ သိကြတဲ့ တေးသံရှင် ဇော်ဝင်းထွဋ်ဟာ ဇန်နဝါရီ ၂၁ ရက်က အသက် ၅၇ နှစ် ပြည့်သွားခဲ့ပြီဖြစ်ပြီး မြန်မာ့ဂီတလောကမှာ ရော့ခ်တခေတ်ကို ဦးဆောင်နိုင်ခဲ့သူ လို့ အသိအမှတ်ပြု ကြရပါတယ်။ အင်ပါယာအမည်နဲ့ ကိုယ်ပိုင်တေးဂီတအဖွဲ့တည်ထောင်ထားနိုင်ခဲ့တဲ့ ဇော်ဝင်း ထွဋ်ဟာ မာကျူရီည၊ အချစ်စွမ်းအင်၊ ကြယ်တံခွန်၊ လမ်းသစ်စတဲ့ တကိုယ်တော် တေး အယ်လ်ဘမ်တွေနဲ့ တေးဂီတလောကကို စတင်ဝင်ရောက်ခဲ့တာပါ။ အဲဒီတေးအယ်လ်ဘမ်တွေတုန်းကတော့ ပရိသတ်တွေ သိပ်မသိခဲ့ကြသေးပဲ နောက်ပိုင်း ၁၉၈၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Bests Of Zaw Win Htut – အကောင်း ဆုံးတေးများကတော့ သူ့ကို အောင်မြင်တဲ့ ရော့ခ်စတားတဦးအဖြစ် ရောက်ရှိသွားစေခဲ့ ပါတယ်။ အဲဒီနောက်မှာတော့ ဇော်ဝင်းထွဋ်ဟာ တကိုယ်တော်အနေနဲ့ရော၊ အဖွဲ့လိုက် တေးအယ်လ်ဘမ်တွေမှာပါ သီချင်းပေါင်းများစွာကို သီဆိုအောင်မြင်ခဲ့ပါတယ်။ ဝါရင့်တေးပြုစာဆို ရွှေတိုင်ညွှန့်ရဲ့ မြေး၊ မြန်မာသံအဆိုတော် ထားရဲ့ ရင်သွေး တဦးအဖြစ် လူသိများတဲ့ သူ့ရဲ့ သီချင်းတွေထဲက အနှိုင်းမဲ့၊ အချစ်များသူ့ဆီမှာ စတဲ့ သီချင်းတွေကတော့ တကယ့်ကို ရေပန်းစားတဲ့ သီချင်းတွေ ဖြစ်ခဲ့ပါတယ်။ “ကိုယ်မျှော်လင့်တဲ့ ကြယ်ကလေးရယ်… အရောင်တွေစုံပြီဆိုပေမယ့်… လောက ကြီးက နက်မှောင်လွန်းတော့… တိမ်ညိုတွေ ကွယ်နေလည်း… လင်းလက်သွားစေ အမြဲ… ဒီရင်ထဲမှာ ဆုတောင်းနေမယ်… ဒီအချိန်မှာ နောက်လှည့်ကြည့်မနေနဲ့တော့… လောကထဲကို သွားဖို့… ခြေလှမ်းတို့ အသင့်ပြင်ထားတော့… နှုတ်ဆက်မနေနဲ့… မေတ္တာ တရားဆိုတာ တချိန်မှာ စွန့်လွှတ်ခြင်းကြုံမှာ သိပြီးသားပါ” ခုလက်ရှိ ထွက်ရှိလာတဲ့ ဒီသီချင်းထဲမှာတော့ ဇော်ဝင်းထွဋ်ရဲ့ ဟန်အတိုင်း အင်အားပါပါ သီဆိုဟန်နဲ့ သူ့ရဲ့ သီဆိုမှုကို ပရိသတ်တွေက ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။
2 months Ago
More News
Up