ဇေယျာတိုင်းမ်

June 26, 2021

ဇေယျာတိုင်းမ် သတင်းထောက်တစ်ဦး ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့မှာ အခြေစိုက်တဲ့ ဇေယျာတိုင်းမ် သတင်းဌာနက သတင်းထောက် ၁ ဦး ဇွန်လ ၂၆ ရက် မနက်ပိုင်းက ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

သတင်းထောက် ဒီမြတ်ငြိမ်းဟာ ဧမြဝတီရပ်ကွက်ရှိ နေအိမ်မှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး နောက်ပြန်ကြိုးတုပ်ပြီး ခေါ်ဆောင်သွားတယ်လို့ ဇေယျာတိုင်းမ် သတင်းဌာန က သိရပါတယ်။

သတင်းထောက်နဲ့အတူ ဖုန်း ၂ လုံး၊ ဆိုင်ကယ် ၁ စီး တို့ကိုလည်း သိမ်းဆည်းသွားပြီး ဖမ်းဆီးခံသတင်းထောက်ကို ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာတော့ မသိရသေးပါဘူး။

7 months Ago
Up