ဇူလိုင်လဆန်

A d v e r t i s e m e n t With Us

May 28, 2020

ဖလော်ရီဒါရှိ ဒစ်စနေပန်းခြံများ ဇူလိုင်လဆန်း ပြန်ဖွင့်မည်

ကမ္ဘာ့အကြီးဆုံး ကစားကွင်းဥယျာဉ်တွေပိုင်တဲ့ ကုမ္ပဏီဖြစ်တဲ့ ဝေါ့ဒစ်စနေးဟာ ဇူလိုင်လဆန်းကစလို့ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ ပန်းခြံတွေ ပြန်ဖွင့်တော့မယ်လို့ ပြောပါတယ်။  ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ အတည်ပြုချက်အရ ပန်းခြံတွေကို ဇူလိုင် ၁၁ ကစလို့ အဆင့်လိုက် ပြန်ဖွင့်သွားမယ်လို့ ဆိုပါတယ်။  တရုတ်ပြည် ရှန်ဟိုင်းက ဒစ်စနေးလန်းကိုတော့ မေ ၁၁ ရက်နေ့ကပဲ ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါ တယ်။ ပန်းခြံမှာ မက်စ်တပ်ထားတဲ့ ဧည့်သည် ၂ သောင်းကို လက်ခံနိုင်ပါတယ်။  ကိုယ်ပူချိန်တိုင်းတာနဲ့ လူချင်း ခပ်ခွာခွာနေခိုင်းတာကို ဝန်ထမ်းတွေရော ဧည့်သည်တွေကိုပါ မဖြစ်မနေလုပ်ခိုင်းပါတယ်။ စာရင်းတွေအရ ဒစ်စနေးကုမ္ပဏီရဲ့ ပန်းခြံလေးခုမှာ ၂၀၁၈ အတွင်း ဧည့်သည် ၁၅၇ ဒဿမ ၃ သန်းကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။  ပြီးခဲ့တဲ့အပတ်ကစလို့ အော်လန်ဒိုက ပန်းခြံတွေအပြင် ဒစ်စနေး စပရင်းရှော့ပင်းနေရာတွေကို ပြန်ဖွင့်ခဲ့ပြီလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။  
9 months Ago
Up