ဇူကာဘတ်ခ်ဇနီးမောင်နှံ

A d v e r t i s e m e n t With Us

September 23, 2016

ရောဂါစုံကာကွယ်ကုသရေး သုတေသနအတွက် ဇူကာဘတ်ခ်ဇနီးမောင်နှံ ကန်ဒေါ်လာ ၃ ဘီလီယံ လှူမည်

ဖေ့စ်ဘွတ်ခ်တည်ထောင်သူ မတ် ဇူကာဘတ်ခ် (Mark Zuckerberg) နဲ့ ဇနီးမောင်နှံတို့က ရောဂါစုံ ကာကွယ်ကုသရေး သုတေသနလုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာ ၃ ဘီလီယံကို လာမယ့် ၁၀ နှစ်အတွင်း လှူဒါန်းသွားမယ်လို့ ကတိပြုကြပါတယ်။ စက်တင်ဘာ ၂၁ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကိုမြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဇူကာဘတ်တို့ ဇနီးမောင်နှံက အခုလို ကြေညာခဲ့တာပါ။ နည်းပညာဦးဆောင်ကုမ္ပဏီကြီးတွေဟာ အခုနောက်ပိုင်း ဆေးနဲ့ ကျန်းမာရေး ကဏ္ဍတွေဘက်ကို ပိုပြီး အာရုံစိုက်လာကြတာ တွေ့ရပါတယ်။ မိုက်ခရိုဆော့ဖ်ကုမ္ပဏီကလည်း ကင်ဆာရောဂါတွေကို ကွန်ပျူတာအသိဉာဏ်နည်းပညာနဲ့ ကုသနိုင်ဖို့ ဦးတည်ကြိုးစားနေတယ်လို့ အခုတပတ် အစောပိုင်းက ပြောဆိုပါတယ်။ ဂူဂဲလ်ကုမ္ပဏီရဲ့ ကျန်းမာရေးသုတေသနဌာနကလည်း ရောဂါဘယတွေကို ကွန်ပျူတာနည်းပညာနဲ့ တိတိကျကျ အဖြေရှာကုသနိုင်ရေး အမေရိကန် အမျိုးသားကျန်းမာရေးဌာနနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ အိုင်ဘီအမ်နဲ့ အမ်အိုင်တီ တက္ကသိုလ်တို့ကလည်း သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းတွေရဲ့ ကျန်းမာရေးစောင့်ရှောက်ရေး လုပ်ငန်းတွေအတွက် ပူးပေါင်းဆောင်ရွက်နေကြတယ်လို့ ပြောဆိုထားပါတယ်။
4 years Ago
Up