ဇီး​တော​ကျေးရွာသား

A d v e r t i s e m e n t With Us

July 31, 2020

ကိုဗစ်​ထောက်ပံ့​ငွေ အပြည့်အဝမရသည့်ကိစ္စ ဇီး​တော​ကျေးရွာသားများ တိုင်ကြား

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ဇီး​တော​ကျေးရွာမှာ အစိုးရကပေးတဲ့ ​တတိယအကြိမ် ကိုဗစ်-၁၉  ​ထောက်ပံ့​ငွေနဲ့ပတ်သက်ပြီး နိုင်ငံ​တော်ကသတ်မှတ်​ပေးထားတဲ့အတိုင်း အပြည့်အဝမရကြလို့ ​ဒေသခံပြည်သူ​တွေ သက်ဆိုင်ရာအဆင့်ဆင့်ကို တိုင်ကြားထားပါတယ်။ ​ထောက်ပံ့​ကြေး​ရသူတွေအထဲမှာ တိုက်ပိုင် ကားပိုင်​ရှိတဲ့သူတွေပါသလို တကယ်မရှိတဲ့ ဆင်းရဲသား​တွေကျန်​နေပြီး ထောက်ပံ့​ကြေး​ဟာလည်း နိုင်ငံ​တော်က​ပေးတဲ့ ကျပ် ၂၀,၀၀၀ နှုန်း အပြည့်မရဘဲ ကျပ်  ၁၅,၀၀၀ နှုန်းသာ ​ပေးတယ်လို့ ​ဒေသခံ​တွေက ​ပြောပါတယ်။ ဇီး​တော​ကျေးရွာနေ ဒေါ်တူးက "မ​ကျေနပ်ကျ​တာ​တော့ အမှန်ပဲ။ ၂၀,၀၀၀ ​ပေးမယ်​ပြောပြီး​တော့ ၁၅,၀၀၀ ပဲ​ပေး​တယ်​လေ။ ကျမလည်း မ​ကျေနပ်ဘူး။ တကယ်မရှိဆင်းရဲတာမှ ဘယ်မှကိုမ​ သွားနိုင်ဘူး"လို့  ပြောပါတယ်။ ​ဒေသခံ ​​ဒေါ်စိုးတင်ကလည်း"ဆန် ဆီ ဆား ​ပေးတုန်းက ကျမတို့ မရဘူး။ မရလို့သွား​ပြောမှ ၁၅,၀၀၀ ကျမှ ​ပေးပါတယ်။ အဲဒါ​ပေးပြီး​နောက် ၂၀,၀၀၀ ဆိုတာကလည်း ၁၅,၀၀၀ ပဲ​ပေးပါတယ်။ ပိုက်ဆံ ၁၅,၀၀၀ ကို လက်မှတ်ထိုးယူခဲ့ရတာ။ ၂၀,၀၀၀ လိုချင်ရင် ယင်းမာပင်သွားထုတ်လို့ ခိုင်းပါတယ်" ​ပြောပါတယ်။ ​ထောက်ပံ့​ကြေးမရတဲ့  လက်လုပ်လက်စား ဦး​အောင်စိုးလင်းကလည်း "တိုက်ပိုင် ကားပိုင်​ ​တောင်သူ​တွေပဲ​ပေးသွားတာ။ သူတို့​တွေပဲရပြီး လက်လုပ်လက်စား​တွေ မရဘူးဆိုမှ​တော့ စဉ်းစားကြည့်အုံး​လေ။ အဆင့်အတန်းဘယ်လိုခွဲခြားသလဲဆိုရင်။ တကယ်တမ်းကျ မရှိဆင်းရဲသား ထောက်ပံ့​ပေးတဲ့ဟာကို။မိသားစုအတွက် နိုင်ငံ​တော်က​ထောက်ပံ့​ကြေးဆိုတာ​​တော့ လိုချင်တာ​ပေါ့။ အထက်ကမှန်တာလုပ်​ပေမဲ့ ​အောက်ကမှ မမှန်တာကို"လို့ ​ပြောပါတယ် ​​ထောက်ပံ့​ကြေး​ပေးတာ အပြည့်အဝမရရှိတာနဲ့ပတ်သက်ပြီး ​ယင်းမာပင်မြို့နယ် အ​​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနအပါအဝင် သက်ဆိုင်ရာအဆင့်ဆင့်ကို ​ဒေသခံပြည်​သူတွေက တိုင်ကြားထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဇီး​တော​ကျေးရွာအုပ်စု အုပ်ချုပ်​ရေးမှူး ဦး​အောင်မြင့်​အေးက "အဲဒါက ဒီလိုပါ။ ရွာလယ်က​နေ ​ရေဆိုးထုတ်​မြောင်း​​ဖောက်တာရှိတယ်။ လွှတ်​တော်က သိန်း ၂၀ ချ​ပေးထားတယ်။ ​ကျေးရွာက သိန်း ၂၀ စိုက်ရမှာ​ပေါ့။ ဒီနှစ်က ပွဲမဖြစ်တာ​ရော သီးနှံ​စျေးမ​ကောင်းတာရော ရွာထဲကမထည့်ဝင်နိုင်တာနဲ့ ​ထောက်ပံ့ကြေးကို ကျပ်  ၅,၀၀၀ ဆီလှူမယ်ဆိုပြီး အကုန်လှူကြတာ​ပေါ့။ ၅,၀၀၀ ဆီလှူတဲ့အတွက် ၁၅,၀၀၀ ဆီဖြစ်သွားတာပါ"လို့ ​ပြောပါတယ်။ အ​ခြေခံလူတန်းစား​တွေအတွက် အစိုးရက​ပေးတဲ့ ​ထောက်ပံ့​ကြေးကို ရပ်ကျေးအာဏာပိုင်တွေက အပြည့်အဝမ​ပေးတာဟာ အဂတိလိုက်စားမှုပုံစံမျိုးဖြစ်နေတဲ့အတွက် ​နောက်​နောင်မလုပ်ရဲ​အောင် ထိုက်သင့်တဲ့ အပြစ်ဒဏ်​ပေးပြီး အ​ရေးယူ​စေချင်တယ်လို့ ဒေသခံ ဦးမြင့်လွင်က ​ပြောပါတယ်။ ဌေးလှိုင်
6 months Ago
Up