ဇီးကုန်းမြို့

December 19, 2020

ဇီးကုန်းမြို့ ရွှေဖောင်ဦး ပရိယတ္တိစာသင်တိုက်ကို အသွားအလာကန့်သတ်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ ရွှေဖောင်ဦး ပရိယတ္တိစာသင်တိုက်မှာ ဆွမ်းလာကပ်သူ ၁ ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတာကြောင့် ဒီဇင်ဘာလ ၁၇ ရက်နေ့ နေ့လယ်ပိုင်းလောက်‌ကစပြီး အသွားအလာကန့်သတ်ထားတယ်လို့ မြို့နယ်  Facility quarantine center တာဝန်ရှိသူတဦးဖြစ်သူ ကိုဇော်သိန်းက ပြောပါတယ်။ ပိုးတွေ့လူနာဟာ ဒီဇင်ဘာ ၁၆ ရက်နေ့ညနေပိုင်းက ရွှေဖောင်ဦးကျောင်းရဲ့ စားဖိုဆောင်မှာ ဆွမ်းဝင်ချက်ခဲ့ပြီး ၁၇ ရက်နေ့မှာ အနံ့ပျောက်တာကြောင့် စစ်ဆေးရာမှ ပိုးတွေ့ခဲ့တာလို့ ဆိုပါတယ်။ ပိုးတွေ့လူနာနဲ့အတူ ဆွမ်းချက်ခဲ့တဲ့ ကျောင်းဝေယာဝစ္စ  လုပ်သူတွေကို ဇီးကုန်းမြို့ Facility quarantine center မှာ  ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ အဲဒီဘုန်းကြီးကျောင်းမှာ သံဃာအပါး ၆၀ ရှိပြီး ဆွမ်းအတွက် ဘုန်းကြီးကျောင်းရဲ့ အပြင်ကနေ စီစဉ်ပေးထားတယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။ ဇီးကုန်းမြို့ မှာ ဒီနေ့အထိ ပိုးတွေ့လူနာ ၆ ဦးရှိပြီဖြစ်ပြီး ကွာရန်တင်းဝင်နေသူ ၁၂၄ ဦး ရှိတယ်လို့ သိရပါတယ်။ သတင်း - ပြည့်ဖြိုးကိုကို
6 months Ago

June 7, 2020

ဇီးကုန်းမြို့တွင် မိုးကြိုးပစ်ခံရမှုကြောင့် ၁၀ တန်းကျောင်းသား ၁ ဦး သေဆုံး

ပဲခူးတိုင်း ဇီးကုန်းမြို့မှာ ဇွန် ၆ ရက်နေ့ ညနေ ၃ နာရီခွဲကျော်လောက်က မိုးကြိုးပစ်ခံရလို့ ၁၀ တန်းစာမေးပွဲဖြေဆိုထားတဲ့ လူငယ်တယောက် သေဆုံးခဲ့ပါတယ်။ ဇိးကုန်းမြို့နယ် ကံကလေးကျေးရွာနေမှာနေထိုင်တဲ့ ၁၀ တန်းကျောင်းသား ကိုနိုင်လင်းထက်ဟာ လယ်ကွင်းထဲအသွားမှာ မိုးကြိုးထိမှန်ပြီး သေဆုံးသွားတာပါ။ ဇီးကုန်းမြို့မရဲစခန်းမှူး ဒုရဲမှူးကျော်ကျော်က “သူတို့က ညီအစ်ကို ၂ ယောက်။ အဖေနဲ့အတူ လယ်ထဲကို မြတ်သတ်ဆေးဖျန်းဖို့ စက်ဘီးတွေနဲ့ ရေပုံးတွေသွားထားကြတာ။ အပြန်မှာ အဖေကရှေ့က စက်ဘီးနဲ့ သွားနှင့်ပြီ။ နောက်မှာ ညီအစ်ကို ၂ ယောက်က မလှမ်းမကမ်းက ပြန်လာကြတာ မိုးကလည်းရွာနေတာ အစ်ကိုက နောက်က ပေ ၃၀ ကျော်လောက်မှာ၊ အဲဒီမှာ ညီဖြစ်သူကို မိုးကြိုးက ထိသွားတာထင်တယ်။ အခုတော့ အလောင်းကို သယ်ယူလာခဲ့ပါပြီ။ သေမှုသေခင်းဖွင့်ရမှာ” လို့ DVB ကို ပြောပါတယ်၊ ဇွန် ၆ ရက်နေ့ ညနေ ၃ နာရီခွဲလောက်က ဇီးကုန်းမြို့မှာ  အချိန် ၁ နာရီကြာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မိုးကြိုးပစ်ခဲ့တာတွေ ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကနေ မေလကုန်အထိ မိုးကြိုးဘေး ၃၄ ကြိမ် ဖြစ်ပွားပြီး ၃၆ ဦးသေဆုံး၊ ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
1 year Ago
Up