ဇီဝိန်ခြွေခွင့်

October 30, 2020

ရောဂါကျွမ်းလူနာများကို ဆေးထိုးပြီး ဇီဝိန်ခြွေခွင့်ပြုမည့် ဥပဒေ နယူးဇီလန်တွင် ယာယီခွင့်ပြု

အသက်ရှင်ဖို့ အချိန် ၆ လတောင် မကျန်တော့တဲ့ ရောဂါကျွမ်းလူနာတွေကို ဆေးထိုးပြီး ဇီဝိန်ခြွေ ခွင့်ပြုမယ့် ဥပဒေကို နယူးဇီလန်မှာ အောက်တိုဘာလ ၃၀ ရက်က ယာယီ ခွင့်ပြုလိုက်ပါတယ်။  ဒါပေမဲ့ ဆေးခြောက်သုံး ခွင့်ပြုတဲ့ ဥပဒေကိုတော့ နယူးဇီလန်မှာ ပယ်ဖျက်တော့မှာပါ။  အောက်တိုဘာလအတွင်း နယူးဇီလန်မှာ အထွေထွေ ရွေးကောက်ပွဲ ကျင်းပခဲ့သလို လူထုဆန္ဒခံယူပွဲ နှစ်ခုကိုလည်း ပြုလုပ်ခဲ့ပါတယ်။  ဆန္ဒခံယူပွဲ ကနဦးရလဒ်တွေအရ  နိုင်ငံရပ်ခြားအခြေစိုက် အထူးဆန္ဒမဲ  ၅ သိန်းနီးပါးကို ရေတွက်ဖို့ ကျန်သေးတယ်လို့ ဆန္ဒခံယူပွဲ ကော်မရှင်က ထုတ်ပြန်ပါတယ်။   အဲဒီဆန္ဒမဲတွေဟာ ဆေးထိုးပြီး ဇီဝန်ခြွေတာကို ထောက်ခံတဲ့ မဲတွေကို ပြောင်းလဲအောင် မများဘူးလို့လည်း ကော်မရှင်က ဆိုပါတယ်။  ဒါပေမဲ့ အပျင်းပြေဆေးခြောက်သုံးခွင့်ပြုတဲ့ အပေါ်မှာတော့ အပြောင်းအလဲ ရှိနိုင်တယ်လို့ ကော်မရှင်က ထုတ်ပြန်ပါတယ်။   လူထုဆန္ဒခံယူပွဲ ရလဒ်အပြည့်အစုံကို နိုဝင်ဘာ ၆ ရက်နေ့ ထုတ်ပြန်မှာ ဖြစ်ပေမယ့် ဆန္ဒမဲပေးသူတွေရဲ့ ၆၅ ဒသမ ၂ ရာခိုင်နှုန်းကျော်က  ဒီဥပေဒကို   ထောက်ခံထားပါတယ်။  ဒါကြောင့်မို့ နယူးဇီလန်ဟာ  ရောဂါကျွမ်းလူနာတွေကို ဆေးထိုးပြီး ဇီဝိန်ခြွေ ခွင့်ပြုတဲ့ ၇ နိုင်ငံမြောက်ဖြစ်လာတယ်လို့ ရိုက်တာက တင်ပြထားပါတယ်။
2 years Ago
Up