ဇီဝလောင်စာစက်ရုံ

July 12, 2020

တရုတ်နိုင်ငံ ဖူကျန်းပြည်နယ်ရှိ ဇီဝလောင်စာစက်ရုံ ပေါက်ကွဲ၊ ၂ ဦး ပျောက်ဆုံးနေ

တရုတ်နိုင်ငံ ဖှုကျန်းပြည်နယ် လော့ယန်မြို့ထဲက ဇီဝလောင်စာစက်ရုံမှာ ဇူလိုင် ၁၂ ရက်က ပေါက်ကွဲအပြီး လူ ၂ ယောက် ပျောက်နေတယ်လို့ ဒေသခံမီးသတ်ဌာနနဲ့အစိုးရမီဒီယာတို့က ပြောပါတယ်။  လော့ယန်ကျိုးယွဲ့ စွမ်းအင်သစ်ကုမ္ပဏီပိုင်စက်ရုံဟာ ဒေသစံတော်ချိန် ၁၀ နာရီ ၁၀မိနစ်က ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲချိန်မှာ အလုပ်သမားတွေက ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းတွေကို လုပ်နေတယ်လို့ စီစီတီဗွီသတင်းဌာနက ကြေညာပါတယ်။  ပေါက်ကွဲမှုအပြီး မီးဆက်လောင်ခဲ့လို့ မီးသတ်သမား အယောက် ၁၀၀ ကျော် သွားရောက် ငြှိမ်းသတ်ခဲ့ရပြီး ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ဆိုပါတယ်။  လော့ယန်ကျိုးယွဲ့ စွမ်းအင်သစ်ကုမ္ပဏီဟာ မြောင်းထဲက ဆယ်ယူထားတဲ့ ဆီတွေကို ဘိုင်အိုဒီဇယ်အဖြစ် ချက်လုပ်တယ်လို့ ကုမ္ပဏီရဲ့တရားဝင် အင်တာနက် စာမျက်နှာက ပြောထား ပါတယ်။   
10 months Ago
Up