တောင်ပံတိုက်စစ်ကစားသမား ဇီယက်ချ်ရဲ့ ဒဏ်ရာမပြင်းထန်ဖို့ မျှော်လင့်တယ်လို့ ချဲလ်ဆီး နည်းပြလမ်းပတ်က ပြောပါတယ်။
အေဂျက်ဇ်ကနေ ခေါ်ယူထားတဲ့ ဇီယက်ချ်ဟာ သူ့ရဲ့ပထမဆုံးပွဲစဉ်အဖြစ် သြဂုတ် ၂၉ ရက်က ဘရိုက်တန်နဲ့ ခြေစမ်းပွဲမှာ ပွဲထွက်ကစားခဲ့ပါတယ်။
ဒူးဒဏ်ရာကြောင့် ပွဲချိန် ၅၄ မိနစ်မှာ လူစားလဲခဲ့ရပြီး ဒဏ်ရာမပြင်းထန်ဖို့မျှော်လင့်တယ်လို့ နည်းပြလမ်းပတ်က ပြောပါတယ်။
ဇီယက်ချ်ဟာ ဒူးမှာ ထိခိုက်မှုဖြစ်ခဲ့ပြီး သေးငယ်တဲ့ အဆစ်လွဲသွားသလို ပုံစံဖြစ်ခဲ့ပေမယ့် ပြန်လည်စစ်ဆေးရမယ်လို့ ဆိုပါတယ်။
ချဲလ်ဆီးအသင်းဟာ ဘရိုက်တန်နဲ့ ခြေစမ်းပွဲမှာ ၁ ဂိုးစီသရေကျခဲ့ပြီး အဖွင့်ဂိုးကို တိုက်စစ်မှူးသစ် တီမိုဝါနာက သွင်းယူပေးခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ မော်ရိုကိုကစားသမား ဇီယက်ချ်ကို ပေါင် ၃၅ သန်းနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကတည်းက ကြိုတင်ခေါ်ယူနိုင်ခဲ့တာပါ။
2 years Ago