ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူ အယောက် ၂၀၀ ရှိဟု ထိုင်းကျန်းမာရေးဝန်ကြီးဌာန ကြေညာ

A d v e r t i s e m e n t With Us

September 14, 2016

ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူ အယောက် ၂၀၀ ရှိဟု ထိုင်းကျန်းမာရေးဝန်ကြီးဌာန ကြေညာ

ဓာတ်ုထိုင်းနိုင်ငံအတွင်း ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက်ဟာ ဇန်နဝါရီကစပြီး ခုထိ အယောက် ၂၀၀ ရှိပြီလို့ မှတ်တမ်းတင်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၃ ရက်နေ့မှာ ပြောပါတယ်။ ဒါဟာ ဒေသအတွင်း အတည်ပြုပြီးသမျှ အမြင့်ဆုံး အရေအတွက်တွေထဲက တခုပါ။ ဇီကာဗိုင်းရပ်စ် ခြိမ်းခြောက်မှုနဲ့ ပတ်သက်ပြီး ပိုပြီး ပွင့်လင်းမြင်သာမှုရှိဖို့ ကျန်းမာရေး ပညာရှင်တွေက ဆော်သြအပြီး ပထမဆုံးအကြိမ်အဖြစ် ကျန်းမာရေးဝန်ကြီးဌာနက ခုလို ကြေညာတာလည်း ဖြစ်ပါတယ်။ ခြင်ကတဆင့်ကူးစက်တဲ့ ဇီကာဗိုင်းရပ်စ်ဟာ ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကို ထိခိုက်စေနိုင်လို့ သတင်းအချက်အလက် ထုတ်ပြန်ရာမှာ စိုးရိမ်မှုတွေ ရှိနေခဲ့တာပါ။ သီတင်းပတ်တပတ်ကို ကူးစက်မှုအသစ် ၂၀ လောက် ပျမ်းမျှရှိနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရက ပြောပါတယ်။ စင်ကာပူအစိုးရကတော့ သူ့နိုင်ငံအတွင်း ဇီကာဗိုင်းရပ်စ်ကူးစက်မှု အယောက် ၃၀၀ ကျော်ပြီလို့ ကြေညာထားပါတယ်။ မလေးရှားနဲ့ ဖိလစ်ပိုင် နိုင်ငံတွေကလည်း ကူးစက်မှုရှိကြောင်း အစီရင်ခံထားပါတယ်။ ဇီကာဗိုင်းရပ်စ်ဟာ ကိုယ်ဝန်ဆောင်တွေကို ကူးစက်ခဲ့ရင် မွေးဖွားလာတဲ့ ကလေးတွေမှာ မွေးရာပါ ဦးနှောက် မဖွံ့ဖြိုးမှုနဲ့ ဆက်စပ်နေပါတယ်။ ဗိုင်းရပ်စ် စတင်ကူးစက်တဲ့ ဘရာဇီးနိုင်ငံမှာ မွေးရာပါ ဦးခေါင်းသေးငယ်တဲ့ ကလေး အယောက် ၁၈၀၀ ကျော် မွေးဖွားခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာတော့ ဇီကာ ကူးစက်ခံရတဲ့ ကိုယ်ဝန်ဆောင် ၂ ဒါဇင်ကို စောင့်ကြည့်နေပြီး ၆ ဦးက ရောဂါကင်းရှင်းတဲ့ ကလေးတွေကို မွေးခဲ့ပြီးပြီလို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
4 years Ago
Up