ဇီကာဗိုင်းရပ်စ်

October 28, 2016

မြန်မာနိုင်ငံတွင် ဇီကာဗိုင်းရပ်စ်ရောဂါဖြစ်ပွားသူ ပထမဆုံးအကြိမ်တွေ့ရှိ

  ရန်ကုန်မြို့မှာ ဇီကာရောဂါဖြစ်ပွားနေတဲ့ နိုင်ငံခြားသူတဦးကို တွေ့ရှိထားကြောင်း  အစိုးရ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။ အသက် ၃၂ အရွယ်ရှိ ကိုယ်ဝန်ဆောင် နိုင်ငံခြားသူအမျိုးသမီးကို ရန်ကုန်မြို့မှာ တွေ့ရှိပြီးနောက် သူ့ကို လိုအပ်တဲ့ဓာတ်ခွဲစမ်းသပ်တာတွေ လုပ်ဆောင်ရာမှာ ဇီကာရောဂါလို့ အတည်ပြု နိုင်ခဲ့တာပါ။ ဒါဟာ မြန်မာနိုင်ငံမှာ ဇီကာဗိုင်းရပ်စ်ဖြစ်ပွားမှု ပထမဆုံးအကြိမ်တွေ့ရတာဖြစ်ပြီး သူဟာ ဘယ်နိုင်ငံကလာပြီး၊ သူ့ကို ဘယ်လိုတွေ့ရှိတာလဲဆိုတာတော့ အသေးစိတ် မထုတ်ပြန်သေးပါဘူး။ ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ လိုအပ်တဲ့ရောဂါထိန်းချုပ်ရေးတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
5 years Ago

September 17, 2016

ဇီကာဗိုင်းရပ်စ် ကာကွယ်တားဆီးရေး ညီလာခံတခု ကျင်းပသွားမည်

ဇီကာဗိုင်းရပ်စ်ကူးစက်ပျံ့ပွားမှု ကာကွယ်တားဆီးရေး ပထမဆုံးနိုင်ငံတကာညီလာခံတခုကို လာမယ့်လမှာ ကျူးဘားနိုင်ငံမှာ ကျင်းပမယ်လို့ အမေရိကကျန်းမာရေးအဖွဲ့ချုပ်က ကြာသပတေးနေ့က ကြေညာပါတယ်။ ဒီညီလာခံကို အောက်တိုဘာလ ၂၀ ရက်နဲ့ ၂၁ ရက်၊ ၂ ရက်ကြာ ဟာဗားနားမြို့တော်မှာ ကျင်းပမှာဖြစ်ပြီး လက်ရှိ ဇီကာဗိုင်းရပ်စ် ပျံနှံ့ဖြစ်ပွားနေရတဲ့ နိုင်ငံတွေအားလုံး တက်ရောက်ကြမှာပါ။ စက်တင်ဘာလဆန်းပိုင်းအထိ ကမ္ဘာတ၀န်း ဇီကာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁ သိန်းကျော်ရှိပြီး ၅ သိန်းနီးပါးလည်း ဗိုင်းရပ်စ်ကူးစက်ခံရတယ်လို့ သံသယရှိသူတွေဖြစ်တယ်လို့ အမေရိက ကျန်းမာရေးအဖွဲ့ကြီးက ပြောဆိုပါတယ်။ တောင်နဲ့ မြောက်အမေရိကနိုင်ငံတွေနဲ့ ဒေသကြီး ၄၈ ခုမှာ ဇီကာဗိုင်းရပ်စ် ပျံ့ပွားနေပြီး အာရှနဲ့ အာဖရိကနိုင်ငံ ၁၀ နိုင်ငံမှာလည်း ဇီကာကူးစက်ရောဂါဖြစ်ပွားနေပါတယ်။ အခုလို ကူးစက်ပျံ့ပွားမှု ကျယ်ပြန့်တဲ့အတွက် တကမ္ဘာလုံးအတိုင်းအတာနဲ့ ညီညီညွတ်ညွတ် ပူးပေါင်းပြီး မဟာဗျူဟာတွေ ချမှတ်နိုင်ဖို့ ရည်ရွယ်တယ်လို့ အမေရိကကျန်းမာရေးအဖွဲ့ချုပ် နိုင်ငံတကာစေ့စပ်ရေးမှူးက ပြောဆိုပါတယ်။
5 years Ago
Up