ဇိမ်ခံကားကြီး

March 2, 2019

ပေါင် ၃၃၀၀၀၀ တန် ဇိမ်ခံကားကြီးကို ထုတ်ကြွားခဲ့သည့် ရော်နယ်ဒို

တန်ဖိုးကြီးမားတဲ့ ပစ္စည်းတွေစုဆောင်းရတာဟာ ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ဝါသနာတခုဖြစ်ပြီးတော့ နောက်ဆုံးထွက် ဇိမ်ခံကားတွေကိုလည်း အမြဲဝယ်ယူလေ့ရှိပါတယ်။ အခုတခါမှာတော့ ရော်နယ်ဒိုဟာ သူရဲ့ ပေါင် ၃ သိန်း ၃ သောင်းတန် ရိုးရွိုက်ဂိုစ့် အဖြူရောင်ကားကြီးကို နာပိုလီနဲ့ ပွဲစဉ်မတိုင်ခင် ထုတ်ကြွားလိုက်ပြန်ပါတယ်။ ဂျူဗင်တပ်စ်တိုက်စစ်မှူးဟာ သူ့ရဲ့ ကားသစ်ကြီးဘေးမှာရပ်ပြီး အလုပ်ပြီးမြောက်ခြင်း စာသားနဲ့နဲ့အတူ သူ့ရဲ့ ဆိုရှယ်မီဒီယာအကောင့်မှာ တင်ခဲ့ပါတယ်။ ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးသမားတဦးဖြစ်တဲ့ ရော်နယ်ဒိုဟာ အရင်ကလည်း ဖရာရီ၊ လမ်ဘော်ဂီနီ၊ ဘူဂါတီ အစရှိတဲ့ ဈေးနှုန်းမြင့်မားလှတဲ့ ကားတွေကို ဂိုထောင်တခုအပြည့် ဝယ်ယူစုဆောင်းခဲ့ပါတယ်။ မနက်တိုင်း သားဖြစ်သူ ရော်နယ်ဒိုဂျူနီယာက သူစီးချင်တဲ့ကားကို ရွေးချယ်ပြီး ကျောင်းသွားတယ်လို့ သိရပါတယ်။ ရော်နယ်ဒိုဟာ အသက် ၃၄ နှစ်ရှိပြီဖြစ်ပေမယ့် ကြံ့ခိုင်မှုအပြည့်နဲ့ ခြေစွမ်းပြဂိုးတွေ သွင်းယူထားပြီး စီးရီးအေ သွင်းဂိုး ၁၉ ဂိုးထိ ရရှိထားခဲ့ပါတယ်။
2 years Ago
Up