ဖေဖော်ဝါရီ ၁၀ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက် ဖျော်ဖြေပွဲမှာ Material Girl ဆိုတဲ့ တေးသီချင်းကို သီဆိုတဲ့အချိန် ခန္ဓာကိုယ် အပေါ်ပိုင်းကို ဖုံးအုပ်ထားတဲ့ ဇာမျက်နှာလွှားနဲ့ မက်ဒေါနား ငြိတွယ်နေတဲ့ ဖြစ်ရပ်တခု စင်ပေါ်မှာ ဖြစ်ပွားခဲ့ပါတယ်။
ဇာမျက်နှာလွှားကို လူ ၂ ဦးက အနောက်ကနေ ကိုင်တွယ်ထားပေးတာ ဖြစ်ပြီး မက်ဒေါနာက ဒီဝတ်ရုံထဲကနေ အပြင်ကို ထွက်ဖို့ ကြိုးစားရာမှာ ငြိနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် မက်ဒေါနားက ကျွမ်းကျွင်စွာ လုပ်ဆောင်သွားနိုင်ပါတယ်။
အရင်ရက်ပိုင်းကလည်း ဘီယောင်ဆေးဟာ စင်ပေါ်မှာ ဖျော်ဖြေနေစဉ် ဟန်ချက်ပျက်သွားခဲ့ပေမယ့် မလဲကျခင် ဟန်ချက် ပြန်ထိန်းနိုင်ခဲ့ပါတယ်။ မက်ဒေါနားဟာ ဖျော်ဖြေပွဲအတွက် ဘန်ကောက်ကို ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။
5 years Ago