ဇာဘလက်တာ

May 4, 2016

မန်စီးတီးနောက်ခံလူ ဇာဘလက်တာ ရီးရဲလ်နှင့်ပွဲ လွဲမည်

အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာစီးတီးအသင်း နောက်ခံလူ ပါဘလို ဇာဘလက်တာဟာ စပိန် လာလီဂါထိပ်သီး ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ ခြေသလုံးဒဏ်ရာကြောင့် ကစားနိုင်မှာ မဟုတ်ပါဘူး။ ဧပြီ ၃ ရက်က လူမှုကွန်ရက် တွစ်တာကနေ တဆင့် ရာသီလက်ကျန်ပွဲတွေကို လွဲချော်မယ်လို့ အတည်ပြုလိုက်ပါတယ်။ ပထမအကျော့မှာတော့ ဇာဘလက်တာနေရာမှာ ဆက်နာကို အစားထိုး အသုံးပြုခဲ့ပါတယ်။ သူဟာ ဆောက်သမ်တန်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပါဝင်ကစားခဲ့ပေမယ့် ထင်သလောက် မကစားနိုင်ခဲ့ပါဘူး။ ဇာဘလက်တာဟာ ဘောလုံးရာသီတလျှောက်လုံး ဒဏ်ရာနဲ့ ရုန်းကန်ခဲ့ရပြီး ပရီးမီးယားလိဂ် ၁၃ ပွဲနဲ့ ချန်ပီယံလိဂ် ၃ ပွဲသာ ကစားနိုင်ခဲ့ပါတယ်။
6 years Ago
Up