ဇာတ်ဝင်ခန်းမြင်ကွင်

October 2, 2020

ဇာတ်ဝင်ခန်းမြင်ကွင်းများနှင့် ထွက်ရှိလာသည့် ဂျိမ်းစ်ဘွန်းရုပ်ရှင်ဇာတ်ဝင်တေး(ရုပ်သံ)

အခုလာမယ့် နိုဝင်ဘာလထဲ ရုံတင်ပြသတော့မယ့် ဂျိမ်းစ်ဘွန်းရုပ်ရှင်ကားသစ် “No Time To Die” ထဲမှာ ပါဝင်မယ့် ဇာတ်ဝင်တေးရုပ်သံ ထွက်ရှိလာခဲ့ပါတယ်။ ဒီသီချင်းကိုတော့ ပြီးခဲ့တဲ့ ဂရမ်မီတေးဂီတဆုချီးမြှင့်ပွဲမှာ ဆုအများဆုံး သိမ်းပိုက်သွားနိုင်ခဲ့တဲ့ အမေရိကန်အဆိုတော် ကောင်မလေး Billie Eilish က သီဆိုပေးထားခဲ့တာပါ။ အသက် ၁၈ နှစ်အရွယ်သာရှိသေးတဲ့ Billie Eilish ဟာ  ၆၂ ကြိမ်မြောက်အဖြစ် ကျင်းပတဲ့ ဒီဆုချီးမြှင့်ပွဲမှာ Album of the Year ဆုအပါအဝင် ဆုပေါင်း ၅ ဆုရရှိခဲ့တာ ဖြစ်ပါတယ်။   အရင်က Album of the Year ဆုကို Fearless တေးအယ်လ်ဘမ်နဲ့ အဆိုတော် တေလာဆွစ်ဖ်က အသက် ၂၀ အရွယ်မှာ ဆွတ်ခူးခဲ့တာမို့ Billie Eilish က ခုလိုဆွတ်ခူး နိုင်ခဲ့တာဟာ စံချိန်တင်အသက်အငယ်ဆုံး အနုပညာရှင်ဖြစ်လာခဲ့တာပါ။ Billie Eilish သီဆိုထားတဲ့ ဒီရုပ်ရှင်ဇာတ်ဝင်တေးထဲမှာတော့ ချောက်ချားစရာ ပီယာနိုအသံနဲ့ စတင်ထားခဲ့ကာ ငြီးငွေ့နေတဲ့ အသံနဲ့ “တယောက်တည်းနေရမယ်လို့ ငါသိခဲ့သင့်တယ်” အစချီ သီဆိုထားခဲ့တာကို ထူးခြားတဲ့အသံနဲ့ နားဆင်ကြရမှာ ဖြစ်ပါတယ်။ Billie Eilish ရဲ့ သီဆိုမှုနဲ့အတူ မကြာခင်ရှုစားကြရမယ့် ရုပ်ရှင်ဇာတ်ဝင်ခန်းပုံရိပ်တွေနဲ့ ဒီဇာတ်ဝင်တေးရုပ်သံကိုတော့ ယူကျုဘ်ပေါ်မှာ ဝင်ရောက်ကြည့်ရှုနားဆင်ကြတဲ့ အကြိမ်ရေ နာရီပိုင်းအတွင်း သန်းနဲ့ချီ ရှိနေခဲ့တာ ဖြစ်ပါတယ်။ “No Time to Die” ဇာတ်ကားသစ်ဟာ ၂၅ ကားမြောက် ဂျိမ်းစ်ဘွန်းဇာတ်ကားဖြစ်ပြီး ပြန်ပေးဆွဲခံရတဲ့ သိပ္ပံပညာရှင်တယောက်ကိုကယ်တဲ့ စွန့်စားခန်းတွေကို စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။ သူလျှိုဇာတ်ကောင် ဂျိမ်းစ်ဘွန်းအဖြစ် ဗြိတိန်မင်းသား ဒန်နီရယ် ခရေ့ချ်က သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ သူသရုပ်ဆောင်ခဲ့တဲ့ “Spectre” ဂျိမ်းစ်ဘွန်းကားဟာ  ၂၀၁၅ ခုနှစ်မှာ တကမ္ဘာလုံး ရုံတင်ငွေ အမေရိကန်ဒေါ်လာ သန်း ၈၈၀ ရရှိခဲ့ပြီး ကမ္ဘာ့ အမြတ်အများဆုံး ရုပ်ရှင်ကား စာရင်းဝင်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၂ ခုနှစ်က ထွက်ရှိလာတဲ့ “Skyfall” ဂျိမ်းစ်ဘွန်းကားဟာလည်း တကမ္ဘာလုံး ရုံတင်ငွေ အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော် ရရှိခဲ့ပြီး ဘွန်းအဖြစ် ဒန်နီရယ် ခရေ့ချ်ကပဲ သရုပ်ဆောင်ထားပါတယ်။ အခုအသစ်ထွက်ရှိလာတဲ့ ရုပ်ရှင်ကားဟာ ဂျိမ်းစ်ဘွန်းရုပ်ရှင်စီးရီးတွေရဲ့ ၂၅ ကား မြောက်ဖြစ်ပြီး သရုပ်ဆောင်မင်းသား ဒန်နီရယ်ခရိတ်ဂျ်ရဲ့ ပဉ္စမမြောက်နဲ့ နောက်ဆုံးပါဝင်မယ့် ရုပ်ရှင်ကားလည်း ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာ အော်စကာဆုရှင် သရုပ်ဆောင်မင်းသား ရာမီမလိခ်ကလည်း ဗီလိန်ဇာတ်ကောင်တဦးအနေနဲ့ ပါဝင်လာမှာဖြစ်ပြီး တခြားဟောလိဝုဒ် သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ လီယာဆီဒူးဇ်၊ ရက်လ်ဖ်ဖင်းန်စ်၊ နာအိုမီဟဲရစ်စ်တို့လည်း ပါဝင်ထားကြပါတယ်။ “No Time To Die” ရုပ်ရှင်ကိုတော့ ဘတ်ဂျတ်အမေရိကန်ဒေါ်လာ သန်း ၂၅၀ အ ကုန်အကျခံ ရိုက်ကူးထားတာဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလမှာ ရုံတင်ပြသဖို့ ကြေညာထားခဲ့တာပါ။ ဒါပေမယ့် လတ်တလော ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် နိုဝင်ဘာလကို ရွှေ့ထားခဲ့ရတာဖြစ်ကာ ဗြိတိန်မှာတော့ နိုဝင်ဘာ ၁၂ ရက်နဲ့ မြောက်အမေရိကမှာ နိုဝင် ဘာ ၂၀ ရက်တွေမှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။
7 months Ago
Up