ဇာတိရပ်ရွ

A d v e r t i s e m e n t With Us

March 30, 2020

အိန္ဒိယတွင် အလုပ်သမားအမြောက်အမြား နေရပ်ပြန်သဖြင့် ဗိုင်းရပ်စ်ကူးစက်နှုန်း မြန်မည်ကို စိုးရိမ်

အိန္ဒိယနိုင်ငံမှာ ဖေဖော်ဝါရီ ၂၄ ရက်ကစပြီး အသွားအလာပိတ်ဆို့မှု lockdown မူဝါဒကြောင့် ပြည်တွင်းရွှေ့ပြောင်းလုပ်သားတွေ ဇာတိရပ်ရွာကို အစုလိုက်ပြန်ကြတဲ့အတွက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြန်ဆန်လာမှာကို စိုးရိမ်နေကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ မြို့တော်နယူးဒေလီ အနီးမှာပဲ စက်မှုဇုန်တွေမှာ လုပ်သားအမြောက်အမြားရှိတာမို့၊ စက်ရုံအလုပ်ရုံတွေ တော်တော်များများပိတ်ချိန်မှာ ဇာတိပြန်ကြတဲ့သူတွေ အစုအပြုံလိုက် ထွက်လာကြတာပါ။  တချို့လုပ်သားတွေကလည်း အစိုးရက ကူညီမယ်ပြောပြီး နှစ်ရက်ကြာအောင် ဘာမှမကူညီတာကြောင့် စားစရာမရှိလို့ အိမ်ပြန်ရတာလို့ ပြောပါတယ်။  နယူးဒေလီ မြို့တော်က ကားဂိတ်တွေမှာ လူတွေပြည့်ကျပ်နေပြီး အစိုးရက ကားထွက်ချိန်တွေကို ယာယီအဆင်ပြေအောင် ပြောင်းလဲပေးပေမဲ့၊ တချို့နေရာတွေမှာတော့ လမ်းတွေ ပိတ်နေတဲ့အတွက်  ရွှေ့ပြောင်းလုပ်သားတွေဟာ ခြေလျင် ပြန်ကြရတာတွေရှိနေပါတယ်။  ဥတ္တာပရာဒေ့ရှ် ပြည်နယ်တခုတည်းမှာတင် ဒေလီကရွှေ့ပြောင်းလုပ်သားတွေ အိမ်ပြန်လာဖို့ ဘတ်စ်ကားပေါင်း စီးရေ ၁၀၀၀ စီစဉ်ပေးခဲ့ရပါတယ်။  အချို့ စေတနာရှင်တွေက ဒေလီမှာ အိမ်ပြန်ကြတဲ့လုပ်သားတွေကို အဝေးပြေးလမ်းတလျှောက် အစားအသောက်နဲ့  ရေတွေ လှူဒါန်းခဲ့ကြပါတယ်။  အခုလို သိန်းနဲ့သန်းနဲ့ချီတဲ့ လုပ်သားတွေ ဒေလီကနေ ဇာတိမြေကို အသီးသီး ပြန်ကြတဲ့အတွက် ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုမြင့်မားလာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြခဲ့ကြပြီး၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီကလည်း အဆင်မပြေမှုတွေအတွက် တောင်းပန်ခဲ့တယ်လို့ ဆိုပါတယ်။ စာရင်းဇယားတွေအရ ဥတ္တာပရာဒေ့ရှ်ပြည်နယ်တခုတည်းမှာတင် ဒေလီက  ရွှေ့ပြောင်းတွေ အနည်းဆုံး ၁ သိန်းခွဲလောက် အိမ်ပြန်မယ်လို့ သိရပါတယ်။
11 months Ago
Up