ဇာခါ

December 27, 2019

အာဆင်နယ် ကွင်းလယ်လူ ဇာခါ ဟာသာဘာလင်သို့ ပြောင်းရွေ့ရန်နီးစပ်နေ 

အာဆင်နယ် ကွင်းလယ်ကစားသမား ဇာခါဟာ ဂျာမန်ကလပ် ဟာသာဘာလင်ကို ပြောင်းရွေ့ဖို့ သဘောတူညီချက် ရသွားပြီလို့ အေးဂျင့်ဖြစ်သူက ပြောပါတယ်။ ဆွစ်ဇာလန်လက်ရွေးစင် ကွင်းလယ်သမား ဇာခါဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွေ့ ဈေးကွက်မှာ အသင်းပြောင်းမှာ ဖြစ်တယ်လို့ မေယာသတင်းမှာ ဖော်ပြထားပါတယ်။ ဇာခါဟာ နည်းပြသစ် လက်ထက် မနေ့ညက ဘိုးမောက်နဲ့ တစ်ဂိုးစီ သရေကျတဲ့ပွဲမှာ အဓိက ကစားသမားအဖြစ်နဲ့ ပါဝင် ကစားသွားခဲ့ပါတယ်။ ဟာသာဘာလင်ကို ပြောင်းရွေ့ဖို့အတွက် ပြောင်းရွေ့ကြေးကို အပြီးသတ် သဘော တူညီချက် မရသေးဘူးလို့ သတင်းမှာ ခန့်မှန်းထားပါတယ်။
1 year Ago

November 2, 2019

ဇာခါကို အသင်းခေါင်းဆောင် ရာထူးပြန်ပေးသင့်၊ မပေးသင့် အတည်မပြုနိုင်သေးဟု အာဆင်နယ် နည်းပြပြော

ပရိသတ်များကို ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့တဲ့ အာဆင်နယ်ကွင်းလယ်လူ ဇာခါကို အသင်းခေါင်းဆောင် ရာထူးပြန်ပေးသင့်၊ မပေးသင့် အတည်မပြုနိုင်သေးဘူးလို့ အူနိုင်းအန်မရီက ပြောကြားလိုက်ပါတယ်။  ဇာခါဟာ ခရစ္စတယ်ပဲလေစ့်အသင်းနဲ့ တဖက် နှစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့တဲ့ပွဲစဉ် ဒုတိယပိုင်းမှာ လူစားလဲခံရတာအပြင် ပရိသတ်တွေရဲ့ လှောင်ပြောင်အော်ဟစ်မှုတွေခံခဲ့ရလို့ ဒေါသတကြီး တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။  သူ့ရဲ့ အပြုအမူကြောင့် မကျေမနပ်ဖြစ်နေခဲ့တဲ့ ပရိသတ်တွေက ကွင်းထဲမှာအပြင် ဇာခါရဲ့ ဇနီးသည် ဖုန်းကိုပါ စာတိုတွေပို့ပြီး တိုက်ခိုက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။  ဇာခါဟာ လတ်တလောမှာတော့ ပရိသတ်တွေရဲ့ တောက်လျှောက်ဆိုသလို ပြောဆို တိုက်ခိုက်မှုတွေ ခံထားရတာကြောင့် အကောင်းဆုံး ပြန်လည်ကစားနိုင်ဖို့ စိတ်ဓာတ်ပြန်လည်မြှင့်တင်နေရတယ်လို့ အူနိုင်းအန်မရီက ပြောကြားသွားပါတယ်။
2 years Ago
More News
Up