ဇာကာရီယာ

November 18, 2019

ရှာကာ နေရာ ဇာကာရီယာနှင့် အစားထိုးရန် အာဆင်နယ် ပြင်ဆင်

အာဆင်နယ်အသင်းဟာ ကွင်းလယ်ကစားသမား ရှာကာကို ဂျာမန်ကလပ် မိုချင်ဂလာဘတ်အသင်းထံ ရောင်းထုတ်လိုနေပြီး သူ့နေရာမှာ ဆွစ်ဇာလန်အသင်းဖော် ဇာကာရီယာနဲ့ အစားထိုးဖို့ ပြင်ဆင်နေပါတယ်။  ဘွန်ဒက်စ်လီဂါကလပ် မိုချင်ဂလာဘတ်အသင်းမှာလည်း ၄ ရာသီလောက် ကစားခဲ့ဖူးတဲ့ ရှာကာဟာလည်း အသင်းဟောင်းထံ ပြန်သွားဖို့ လိုလားနေပြီး အာဆင်နယ်အသင်း ပရိသတ်တွေရဲ့ ဖိအားပေး ဝေဖန်တိုက်ခိုက်မှုဒဏ်ကို ခံနိုင်ရည်မရှိ ဖြစ်နေပါတယ်။  ပဲလေစ့်နဲ့ ပွဲစဉ်မှာတုန်းက အသင်းပရိသတ်တွေ ဆဲဆိုပြီး ရိုင်းစိုင်းစွာ ကွင်းပြင်ကို ထွက်သွားတဲ့ ရှာကာကို အသင်းနဲ့ သက်ဆိုင်သူ အတော်များများက လိုလားခြင်းမရှိတော့ဘူးလို့ သိရသလို အသင်းခေါင်းဆောင် ရာထူးလည်း ရုပ်သိမ်းခံထားရသလို ပွဲထွက်ခွင့် လုံးဝမရတော့တဲ့အပြင် ချက်ချင်းဆိုသလို ရောင်းထုတ်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ရှာကာ နေရာမှာ အစားထိုးဖို့ ဂလာဘတ်က ဇာကာရီယာကို မျက်စိကျနေတာကြောင့် ကစားသမားနှစ်ဦးကို သဘောတူညီချက် ပုံစံတမျိုးနဲ့ လဲလှယ်လိမ့်မယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။  ဇာကာရီယာဟာ လက်ရှိရာသီမှာ အကောင်းဆုံး ခြေစွမ်းပြနေပြီးတော့ ၂၂ နှစ်အရွယ်သာ ရှိသေးလို့ အာဆင်နယ်အသင်း တာဝန်ရှိသူတွေက မျက်စိကျနေတာပါ။  နည်းပြ အန်မရီကတော့ ရှာကာနဲ့ပတ်သက်လို့ အသင်းအတွက် ၁၀၀ ရာခိုင်နှုန်း စိတ်ဓာတ်ပြင်ဆင်ပြီး တကျော့ပြန်ကစားပေးနိုင်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။
2 years Ago
Up