ဇလွန်မြို့နယ်

A d v e r t i s e m e n t With Us

August 12, 2016

မြစ်ရေတိုက်စားမှုကြောင့် ဇလွန်မြို့နယ်တွင် လူနေအိမ် ၂၀ ကျော် ပျက်စီးဆုံးရှုံး

ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ဇလွန်မြို့နယ်အတွင်း လူနေအိမ် ၂၄ လောက် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် တောင်ပို့တရာကျေးရွာအုပ်စုက နေအိမ် ၇ လုံး၊ ဖားလက်ခိုအုပ်စုပိုင် ဘိုကလေးကျွန်းမှာ နေအိမ် ၁ လုံး၊ ဖားလက်ခိုအုပ်စု ဖာလက်ခိုကျေးရွာမှာ နေအိမ် ၆ လုံးနဲ့ ညောင်ပင်စုကျေးရွာမှာ နေအိမ် ၁၀ လုံး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ဒါ့အပြင် မြစ်ရေတိုက်စားမှုကြောင့် စာသင်ကျောင်းအချို့လည်း နိမ့်ကြမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ နေအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့တဲ့ ရေဘေးဒုက္ခသည်တွေ အကူညီလိုအပ်နေပြီး အခုချိန်ထိ တာဝန်ရှိသူတွေ လာရောက် ကူညီတာ မရှိသေးဘူးလို့ ဆိုပါတယ်။ သတင်း၊ ဓာတ်ပုံ - အောင်နိုင်သူ
5 years Ago
Up