ဇဗ္ဗူသီရိမြို့နယ်

September 8, 2021

ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်ရုံး ဗုံးပစ်ခံရ

နေပြည်တော်ကောင်စီနယ်မြေ၊ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို  စက်တင်ဘာလ ၇ ရက် ညနေပိုင်းက ဗုံးနဲ့ လာပစ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

“ဗုံးနဲ့ပစ်သွားတာ ဟုတ်တယ်၊ ဒါပေမဲ့  ဗုံးက မကွဲသွားဘူး” လို့ ရပ်ကွက်နေသူ တစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ရပ်ကွက်အတွင်း ဧည့်စာရင်းတိုင်ခိုင်းတာ၊ နယ်ကျော်သွားလာခွင့်ကတ်၊  စျေးဝယ်ကတ်တွေ လုပ်ခိုင်းတာတွေမှာ စစ်ကောင်စီက ငွေကြေးကောက်ခံမှု ရှိသလို ဧည့်စာရင်း တိုင်တာ ရက်ကျော်ရင်လည်း ဒဏ်ကြေး ကျပ်တစ်သိန်း ဒါမှမဟုတ်  ငါးသောင်း တောင်းတယ်လို့ ဒေသခံတွေက ပြောပါတယ်။

PHOTO-NPTDC

3 months Ago
Up