ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမားသစ်ဝယ်ယူဖို့ ပြင်ဆင်နေတယ်လို့ အာဆင်နယ် နည်းပြ အာတီတာက ပြောပါတယ်။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာ ရလဒ်ဆိုးရွားနေပြီး ၁၀ ပွဲကစားအပြီးမှာ ရမှတ် ၁၃ မှတ်နဲ့ အဆင့် ၁၄နေရာမှာ ရပ်တည်နေတာပါ။
လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမား သစ်ဝယ်ယူနိုင်မယ့် အခြေအနေနဲ့ပတ်သက်လို့ အသင်းရဲ့နည်းစနစ်ဒါရိုက်တာ အီဒူးနဲ့ စီစဉ်နေကြောင်း၊ လက်ရှိ အချိန်မှာတော့ မခန့်မှန်းနိုင်လောက်အောင် ခက်ခဲမှုတွေရှိနေပြီး ဘာတွေဖြစ်လာမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာဖြစ်တယ်လို့ အာတီတာက ပြောပါတယ်။
နည်းပြ အာတီတာဟာ ကွင်းလယ်ကစားသမား အိုဇေးလ်ကို လူစာရင်းကနေ ချန်လှပ်ထား တဲ့အပေါ်မှာလည်း ဝေဖန်မှုတွေ ရှိနေတာပါ။
အာတီတာဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာတော့ ကစားသမားသစ် ၇ ဦးခေါ်ယူခွင့်ရ ခဲ့ပါတယ်။
5 months Ago