ဇန်နူးပီအက်ဖ်ပါတီ

July 30, 2018

ဇန်နူးပီအက်ဖ်ပါတီကို မဲမပေးဟု ဇင်ဘာဘွေ သမ္မတဟောင်း ပြော

ဇင်ဘာဘွေ သမ္မတဟောင်း ရောဘတ်မူဂါဘီက ဒီကနေ့  ရွေးကောက်ပွဲမှာ ဇန်နူးပီအက်ဖ် (Zanu PF) ပါတီကို မဲပေးမှာမဟုတ်ကြောင်း ပြောဆိုလိုက်ပါတယ်။ သမ္မတဟောင်း မူဂါဘီက သူ့နေရာ ဆက်ခံသူနဲ့ မဟာမိတ်ဟောင်း  မနန်ဂါဂွါကို မဲပေးမှာ မဟုတ်ကြောင်း ပြောဆိုလိုက်တာပါ။ မူဂါဘီက သူတည်ထောင်ခဲ့တဲ့ ဇန်နူးပီအက်ဖ်ပါတီက သူ့ကို ရာထူးကနေ ဖယ်ရှားခဲ့ပြီးနောက်မှာ အဲဒီပါတီကနေ ဝင်ရောက်အရွေးခံမယ့် လက်ရှိသမ္မတ မနန်ဂါဂွါကို ထောက်ခံနိုင်မှာ မဟုတ်ကြောင်း အံ့အားသင့်ဖွယ် ပြောကြားခဲ့ပါတယ်။ ရောဘတ်မူဂါဘီဟာ နှစ်ပေါင်း ၄ဝ နီးပါး အာဏာဆုပ်ကိုင်ခဲ့ပြီးနောက် မနှစ်က ရာထူးကနေ ဖယ်ရှားခံခဲ့ရပါတယ်။ အခုရွေးကောက်ပွဲမှာ လက်ရှိသမ္မတ မနန်ဂါဂွါရဲ့ အဓိကပြိုင်ဘက်ကတော့  ဒီမိုကရက်တစ် အပြောင်းအလဲလှုပ်ရှားမှု (MDC) ပါတီက နယ်ဆင် ချမ်မီဆာ ဖြစ်တယ်လို့ ဗွီိအိုအေသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up