ချဲလ်ဆီးအသင်းဟာ လာမယ့်ဇန်န၀ါရီ အပြောင်းအရွှေ့မှာ ငွေကြေးများစွားအသုံးပြုပြီး ကစာသမားတွေခေါ်ယူသွား မယ်လို့သိရပါတယ်။
ချဲလ်ဆီးအသင်းပိုင်ရှင် ရိုမန်အေဗရာမိုဗစ်နဲ့ အသင်းနည်းပြကွန်တီတို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဇန်န၀ါရီအပြောင်းအရွှေ့မှာ ငွေကြေးသုံးစွဲပြီး နာမည်ကြီးကစားသမားများကို ခေါ်ယူရန်ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
ချဲလ်ဆီးအသင်ဟာ ပြီးခဲ့တဲ့နွေရာသီကလည်း ကန်တီ၊ ဒေးဗစ်လူး ၀စ်၊ မားကို့စ်၊ အလွန်ဆို၊ ဘက်ရူအာရီစတဲ့ ကစားသမားတွေအတွက် ပေါင်သန်း ၁၂၀ အသုံးပြု ခေါ်ယူခဲ့ပေမယ့် ခြေစွမ်းပြဖို့ ရုန်းကန်နေရတာပါ။
ချဲလ်ဆီးအသင်းဟာ လီဗာပူးနဲ့ အာဆင်နယ်အသင်းတို့ကို နှစ်ပွဲဆက်ရှုံးခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာ အဆင့် ၈ အထိ ကျင်းဆင်းခဲ့ပါတယ်။
ချဲလ်ဆီးနည်းပြကွန်တီအနေနဲ့ အသင်းရဲ့ခံစစ်ကစားပုံကိုလည်း စိတ်ပျက်နေပြီး လာမယ့်အပြောင်းအရွှေ့မှာ နောက်ခံကစားသ မားတွေကို အဓိကထား ခေါ်ယူသွား ဖွယ်ရှိနေပါတယ်။
4 years Ago