ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ဆန်းချက်ဇ်ကို ခေါ်မည်မဟုတ်ဟု ဂွါဒီယိုလာ ပြော

January 3, 2018

ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ဆန်းချက်ဇ်ကို ခေါ်မည်မဟုတ်ဟု ဂွါဒီယိုလာ ပြော

အာဆင်နယ် တိုက်စစ်ကစားသမား ဆန်းချက်ဇ်ကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူမှာ မဟုတ်ဘူးလို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောကြားလိုက်ပါတယ်။ ဆန်းချက်ဇ်ဟာ အာဆင်နယ်ကစားသမား ဖြစ်တာကြောင့် ရာသီကုန်ဆုံးတဲ့အချိန်ထိ အာဆင်နယ်မှာပဲ ဆက်ရှိမယ်ထင်တယ်လို့ ဂွါဒီယိုလာက ဆိုပါတယ်။ ဒါ့အပြင် မိမိတို့အသင်းအနေနဲ့ အသင်းအစည်းအဝေးမှာ ဘယ်ကစားသမားက အကောင်းဆုံးဖြစ်တယ်ဆိုတာ ဆွေးနွေးဦးမှာဖြစ်ပြီး ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဆန်းချက်ဇ်ကို ခေါ်ယူမယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ဂွါဒီယိုလာက ငြင်းဆန် ပြောကြားခဲ့ပါတယ်။ အသက် ၂၈ နှစ်ရှိ ချီလီကစားသမား ဆန်းချက်ဇ်ဟာ ဒီနှစ်ဘောလုံးရာသီမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရပြီး အာဆင်နယ်အသင်းဟာလည်း အမှတ်ပေးဇယား အဆင့် ၅ မှာ ရပ်တည်နေပါတယ်။ ဆန်းချက်ဇ်ဟာ ဒီနှစ်ရာသီအကုန်မှာ အာဆင်နယ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး အခု ဇန်နဝါရီ အပြောင်းအရွှေ့မှာ ပြင်သစ်ကလပ် ပီအက်စ်ဂျီက ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
4 years Ago
Up