ဇနီးမောင်နှံ ၂ ဦးအလောင်း ထပ်တွေ့

November 11, 2016

လူ ၇ ဦးကို သတ်ဖြတ်ခဲ့သူ၏ခြံဝင်းထဲ  ဇနီးမောင်နှံ ၂ ဦးအလောင်း ထပ်တွေ့

အမေရိကန်ပြည်ထောင်စု၊ တောင်ကယ်ရိုလိုင်းနားပြည်နယ်မှာ စုစုပေါင်း လူ ၇ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဝန်ခံခဲ့သူရဲ့ ခြံဝင်းထဲမှာ မြှုပ်နှံထားတဲ့ နောက်ထပ်ရုပ်အလောင်း ၂ လောင်းကို ထပ်မံတွေ့ရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့ တနှစ်လောက်က သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးခဲ့တဲ့ ဇနီးမောင်နှံ ၂ ဦးရဲ့ ရုပ်အလောင်းတွေ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။ အသက် ၄၅ နှစ်အရွယ် ခြံပိုင်ရှင် တော့ဟိုးဟစ်ပ် (Todd Kohlhepp) ကို ပြီးခဲ့တဲ့တပတ် က အမျိုးသမီးတဦးကို ခွေးတကောင်လို့ သံကြိုးနဲ့ လည်ပင်းမှာ ချည်ပြီး ကွန်တိုင်နာတလုံးထဲ ၂ လကြာ ချုပ်နှောင်ထားမှုနဲ့ ရဲက ဖမ်းဆီးခဲ့တာပါ။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကလည်း သူ့ရဲ့ခြံဝင်းကျယ်ထဲမှာ ရုပ်အလောင်းတလောင်းကို အာဏာပိုင်တွေက တူးဖော်ခဲ့ကြပါတယ်။ ”တာ့” ဟာ ၂၀၀၃ ခုနှစ်က ဆိုင်ကယ်ဆိုင်တဆိုင်မှာ ဆိုင်ပိုင်ရှင်နဲ့ ဆိုင်ဝန်ထမ်း ၄ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဝန်ခံခဲ့ပြီး သူ့ကို လူသတ်မှု၊ ပြန်ပေးဆွဲမှုတွေနဲ့ ရုံးတင်ထားပါတယ်။ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးနဲ့ ၂၉ နှစ်အရွယ် အမျိုးသားတို့ရဲ့ ရုပ်အလောင်းတွေဖြစ်ပြီး ”တော့” ရဲ့ခြံဝင်းကျယ်ထဲမှာ မြှုပ်နှံထားတဲ့ နောက်ထပ် အလောင်းတွေ မရှိလောက်တော့ဘူးလို့ ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။
6 years Ago
Up