ထိုင်းနိုင်ငံအနောက်တောင်ပိုင်း၊ သမ်ဆောင်းခရိုင်၊ နာဖိုးမြို့မှာ အမျိုးသားတဦးဟာ ကိုယ်ဝန်ဆောင်ဇနီးသည်အတွက် အနီးအနားခြံတခုထဲက အုန်းသီးသုံးလုံးခိုးယူ ခဲ့လို့ ဖမ်းဆီးခံခဲ့ရတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖေဖော်ဝါရီလ ၅ ရက်နေ့က ဖော်ပြပါတယ်။
အသက် ၂၅ နှစ်အရွယ် နာရူဘက် ဖက်ချန်းပိုးဟာ အိမ်အနီးဥယျာဉ်ခြံထဲက အုန်းသီးသုံးလုံးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ခိုးယူခဲ့တာပါ။
ဥယျာဉ်ခြံပိုင်ရှင် အသက် ၆၇ နှစ်အရွယ် အရီးဝမ်ထရာကာလ်ဟာ ဒီခိုးယူမှုကို စီစီတီဗွီကင်မရာမှတဆင့် ဖမ်းယူရရှိခဲ့ကာ ဒေါသတကြီးတိုင်ကြားခဲ့လို့ ရဲတွေက ဖမ်း ဆီးခဲ့ရတာပါ။
ခြံပိုင်ရှင်အရီးဟာ အဲဒီအတွက် လျော်ကြေးငွေ ဘတ် ၅ သောင်းတောင်းခဲ့ချိန်မှာ နာရူဘက်က သူ့အနေနဲ့ ကိုယ်ဝန်ဆောင်ဇနီးဖြစ်သူက အုန်းသီးစားချင်တယ်လို့ ပြော တာကြောင့် ခိုးယူခဲ့ရတယ်လို့ ရှင်းပြခဲ့ပေမယ့် ပိုင်ရှင်က မကျေနပ်တဲ့အတွက် ဖမ်းဆီးထားရတာလို့ ခရိုင်ရဲအရာရှိချုပ် ဂျီယန်ချန်နူးက ပြောပါတယ်။
နာရူဘတ် ဖက်ချန်းပိုးဟာ ကလေး ၃ ယောက် ဖခင်ဖြစ်ပြီး ၅ လကိုယ်ဝန်ဆောင် ဇနီးသည်နဲ့အတူ ငှားထားတဲ့ အိမ်မှာ နေထိုင်တာဖြစ်ပါတယ်။
ဒီဖြစ်ရပ်မှာ ဘတ်ငွေ ၆၀ လောက်သာတန်တဲ့ အုန်းသီးသုံးလုံးအတွက် လျော် ကြေးငွေဘတ် ၅ သောင်းတောင်းတာဟာ များလွန်းတယ်ဆိုပြီး ခြံပိုင်ရှင်ကို ဝေဖန်နေ ကြတာပါ။
နာရူဘတ်ဟာ တနေ့ကို ဘတ်ငွေ ၂၀၀ သာဝင်ငွေရှိတဲ့အတွက် သူတောင်းတဲ့ ငွေမပေးနိုင်လို့ ရဲစခန်းက ညှိနှိုင်းပေးခဲ့ပေမယ့်လည်း ပိုင်ရှင်က မကျေနပ်တဲ့အတွက် ဥပဒေကြောင်းအရ ဆက်လက်လုပ်ဆောင်မှုတွေလုပ်ရဦးမှာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
5 years Ago