ဇနီးသည်

October 21, 2018

ဇနီးသည်ကို ၂၄ နာရီအတွင်း အမေရိကန်ရှိ ပန်းခြံအားလုံးလိုက်ပို့ပြီး အံ့သြအောင်လုပ်ခဲ့သူ

အမေရိကန်နိုင်ငံ တန်နက်ဆီပြည်နယ်မှ အမျိုးသားတဦးက သူ့ဇနီးသည်ကို ၂၄ နာရီအချိန်အတွင်း အမေရိကန်ပြည်ထောင်စုမှာ ရှိတဲ့ Disney ပန်းခြံအကုန်လုံးကို လိုက်ပို့ပေးခဲ့ပြီး Surprise လုပ်ခဲ့တယ်လို့ UPI သတင်းမှာဖော်ပြပါတယ်။ ဒီစုံတွဲနာမည်က ဟီသာနဲ့ ကလက်ခ်အန်ဆင်ဂါတို့ဖြစ်ပြီး သူတို့စုံတွဲ့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်နေ့ည  အော်လန်ဒို Disney Springs မှာ ခရီးစဉ်ကို စတင်ခဲ့ပြီး နောက်တနေ့မှာ နောက်ဆုံးနေရာ နှစ်ခုဖြစ်တဲ့ ဖလော်ရီဒါနဲ့ ကယ်လီဖိုးနီးယားတို့က ပန်းခြံတွေကို သွားရောက်ပြီး ခရီးစဉ်ကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ Disney ရဲ့ ဟောလီးဝုဒ်စတူဒီယိုတွေဖြစ်တဲ့ Toy Story Land၊ Epcot၊ Spaceship Earth၊ Magic Kingdom Park၊  Walt Disney World Resort နဲ့ Animal Kingdom တို့နဲ့အစပြုခဲ့တဲ့ သူတို့စုံတွဲဟာ လေယာဉ်နဲ့ လော့စ်အိန်ဂျလိစ်၊ Disney California Advanture Park ကို သွားခဲ့ရပြီး ခရီးစဉ်ရဲ့ နောက်ဆုံးနေရာဖြစ်တဲ့ Disneyland Park မှာ ခရီးစဉ်ကို အဆုံးသတ်ခဲ့တာပါ။ ဒီခရီးစဉ်ကို ကလက်အန်ဒါဆန်က သူတို့စုံတွဲရဲ့ ၁၀ နှစ်မြောက်မင်္ဂလာနှစ်ပတ်လည်နေ့မှာ စီစဉ်ခဲ့တာဖြစ်ပြီး ဒီခရီးစဉ်ဟာ ဟီသာကို အံ့သြသင့်သွားအောင် လုပ်ခဲ့တာလို့ ကလက်က ပြောပါတယ်။ ဒီခရီးစဉ် မတိုင်ခင် ၂၀၁၇ ခုနှစ်က ဟီသာဟာ သူ့မိသားစုနဲ့ Disney ပန်းခြံတွေကို သွားရောက်လည်ပတ်ဖို့ စီစဉ်ခဲ့တာဖြစ်ပေမယ့် ကံမကောင်းစွာနဲ့ ခရီးစဉ်မတိုင်မီ ဟီသာရဲ့ ဖခင်ကွယ်လွန်ခဲ့တာကြောင့် ခရီးစဉ်ကို ဖျက်ခဲ့ရပါတယ်။ ဒါ့ကြောင့် ကလက်ဟာ ဟီသာအတွက် စိန်ခေါ်မှုများတဲ့ ဒီခရီးစဉ်ကို စီစဉ်ခဲ့တာဖြစ်ပြီး ဟီသာအတွက်တော့ မင်္ဂလာနှစ်ပတ်လည်နေ့မှာ အချိုပေါ်သကာလောင်းသလို ပျော်ရွင်စရာ ဖြစ်ခဲ့ပါတယ်။ “ဒါဟာ သူ့ကိုပျော်ရွှင်အောင်လုပ်ပေးချင်တဲ့ ကျနော့်အိမ်မက်တွေ အမှန်တကယ် အောင်မြင်ခဲ့ပြီ” လို့လည်း ကလက်ကပြောပါတယ်။
3 years Ago

May 17, 2018

ဆေးရုံတက်နေသည့် ဇနီးသည်အား ထရမ့် သွားရောက်ကြည့်ရှု

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဝေါ်လ်တာရိဒ် ဆေးဘက်ဆိုင်ရာစင်တာမှာ  ဆေးကုနေတဲ့ သမ္မတကတော် မယ်လန်နီယာထရမ့်ဆီ မေလ ၁၆ ရက်နေ့က သွားရောက်ကြည့်ရှုခဲ့ပါတယ်။ သမ္မတကတော်ဟာ ကျောက်ကပ်မှာ ဖြစ်တဲ့ အဖုအကြိတ်ကို ကုသဖို့ ဆေးရုံတက်နေတာ မေလ ၁၄ ရက်နေ့ကတည်းက ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ကုသမှု အောင်အောင်မြင်မြင် ပြီးဆုံးပြီးဖြစ်ပေမယ့် မယ်လန်နီယာထရမ့်ဟာ ထူထူထောင်ထောင် ပြန်ဖြစ်ဖို့  အခု တပတ်လုံး ဆေးရုံတက်နေရဦးမယ်လို့ သမ္မတကတော်ရုံး ပြောခွင့်ရသူက ဆိုပါတယ်။
4 years Ago
Up