ဇနီးလောင်း

A d v e r t i s e m e n t With Us

April 5, 2020

ဗြိတိန်ဝန်ကြီးချုပ်၏ ဇနီးလောင်း ကိုရိုနာရောဂါမှ ပြန်ကောင်း

ဗြိတိန်ဝန်ကြီးချုပ်နဲ့ စေ့စပ်ထားသူ လက်တွဲဖော် ကာရီဆင်မွန်ဟာ ခင်ပွန်းသည်နဲ့အတူ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားခဲ့ရပေမယ့် အခုတော့ ပြန်ကောင်းလာခဲ့ပြီလို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။  ကိုယ်ဝန်ဆောင်နေတဲ့ ကာလအတွင်း ကူးစက်ခံခဲ့ရတဲ့ မစ္စကာရီဆင်မွန်ဟာ အိပ်ရာထဲ တပတ်လောက် လဲနေခဲ့ပေမယ့် အခုတော့ ပြန်အားရှိလာပြီး ရောဂါပျောက်ကင်းစပြုလာတာပါ။  ဝန်ကြီးချုပ်ဂျွန်ဆင်ကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပေမယ့် ရောဂါလက္ခဏာတွေ သိပ်မပြင်းထန်ဘဲ  ဝန်ကြီးချုပ်အိမ်တော်ထဲမှာ သီးခြားနေထိုင် ဆေးကုနေပါတယ်။  အသက် ၅၅ နှစ်ရှိပြီဖြစ်တဲ့ ဂျွန်ဆင်နဲ့ ၃၂ နှစ်ရှိပြီဖြစ်တဲ့ ဆင်မွန်တို့ဟာ သူတို့စုံတွဲရဲ့ ပထမဆုံး ရင်သွေးကို  မွေးဖွားဖို့ရှိနေတယ်လို့ ဖေဖော်ဝါရီလတုန်းက ကြေညာခဲ့ပြီး စေ့စပ်ခဲ့ပါတယ်။  ဆင်မွန်ဟာ ဒီဘက်ခေတ်သမိုင်းမှာ ဗြိတိန်ဝန်ကြီးချုပ်တဦးနဲ့အတူ လက်မထပ်ရသေးဘဲ အတူတူနေထိုင်တဲ့ ပထမဆုံး လက်တွဲဖော်တဦးလည်း ဖြစ်တယ်လို့ ရိုက်တာသတင်းက ဖော်ပြထားပါတယ်။
11 months Ago
Up