ဇနီးဖြစ်သူ တိုင်ကြား

A d v e r t i s e m e n t With Us

August 2, 2019

ဘတ် ၁၂ သန်းဖိုး ထီပေါက်ပြီး ထွက်ပြေးသည့်ခင်ပွန်းကို အရေးယူပေးရန် ဇနီးဖြစ်သူ တိုင်ကြား 

ထိုင်းနိုင်ငံအလယ်ပိုင်း ဆမွတ်ပရကန်မြို့က အမျိုးသားတဦးဟာ ပြီးခဲ့တဲ့ ဇူလိုင်က ဘတ် ၁၂ သန်းဖိုး ထီပေါက်ပြီးတဲ့နောက် လက်ရှိမိန်းမကိုပစ်ပြီး အခြားမိန်းမ ၁ ဦးနဲ့ လက်ထပ်လိုက်ပါတယ်။ ထီပေါက်သူ အသက် ၄၃ နှစ်ရွယ် နိုင်းဝိချိုင်းဆိုသူမှာ ဇနီးဖြစ်သူ နန်းချယားမား ရှဲ့လိမ့်နဲ့ အကြင်လင်မယားအဖြစ် ဆယ်နှစ်ကျော် ပေါင်းသင်းနေထိုင်လာပြီး ပြီးခဲ့တဲ့ ဇူလိုင် ၁၅ နေ့က  ထိုင်းအစိုးရထီ ပထမဆု ၂ စောင် (၁ စောင်လျှင် ဘတ် ၆ သန်းနဲ့) ဘတ် ၁၂ သန်းဖိုး ထီပေါက်ခဲ့ကြောင်း၊ ထီလက်မှတ်ကိုလည်း ဇနီးဖြစ်သူအားပြခဲ့ပြီး ငွေထုတ်ပြီးရင် ပိုက်ဆံလာပေးမယ်လို့ ပြောခဲ့ပေမယ့် နောက်နေ့ အိမ်ကထွက်သွားပြီး  ဆက်သွယ်လို့ မရတော့ဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။ ၂၁ ရက်နေ့မှာ သူငယ်ချင်းရဲ့ ဖုန်းနဲ့ လှမ်းခေါ်မှ ဆက်သွယ်လို့ရပြီး သူမအတွက် ငွေ ၁ သောင်းလာပေးခဲ့ကြောင်း၊ သူမလည်း အဆိုပါဘတ် ၁ သောင်းကို သူတို့မိသားစုတင်နေတဲ့ အကြွေး ၆ ထောင်ပြန်ဆပ်ပြီး ၄ ထောင်ကို အိမ်စရိတ်သုံးတယ်လို့ ဆိုပါတယ်။ ၂၄ ရက်နေ့မှာတော့ သူဟာ အခြားတယောက်နဲ့လက်ထပ်တဲ့အကြောင်း သူ့လူမှုကွန်ရက်မှာ ရေးခဲ့တယ်လို့ ဇနီးဖြစ်သူက သတင်းထောက်တွေကို ပြောပါတယ်။ သူမ နဲ့ ထီပေါက်သူတို့ဟာ ၁၀ နှစ်ကျော်ပေါင်းသင်းလာပြီး ရန်ဖြစ်တာမရှိကြောင်း၊၊ ဇူလိုင်လဆန်းကတော့ လေဖြတ်နေတဲ့ မိခင်ကို အိမ်မှာခေါ်ပြုစုပြီး ခင်ပွန်းက လူမမာရှိ ရင်ကောင်းကောင်းအိပ်မပျော်တာနဲ့ တခြားမှာ သွားအိပ်ကြောင်း၊ သူမနဲ့တော့ အကြင်လင်မယား လိုအဆက်သွယ်မပြတ်ဘဲ သုံးရက်ကို ဘတ်တထောင် လာထောက်ပံ့တယ်လို့ ပြောပါတယ်။ ခင်ပွန်းဖြစ်သူမှာ ရေခဲပို့တဲ့အလုပ်လုပ်ပြီး သူမက အသားလုံးကြော်ရောင်းကြောင်း၊ သူမ နဲ့ ခင်ပွန်းမှာ အေးအတူပူအမျှနေထိုင်လာခဲ့ပြီးမှ အခုလိုထီပေါက်ပြီးထွက်ပြေးသွားတာကြောင့် တရားမျှတမှုရရေးအတွက် ဥပဒေကြောင်းအရ အရေးယူပေးဖို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့က သွားရောက်တိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။ ရှေ့နေဖြစ်သူက သူတို့လင်မယားမှာ တရားဝင်လက်ထပ်စာချုပ်ရှိမှ ဥပေဒေကြောင်းအရ လင်ရဲ့ပိုင်ဆိုင်မှုကို မယားဖြစ်သူရသင့်ကြောင်း တောင်းဆိုနိုင်ပြီး လက်မထပ်ဘဲ အတူနေက မျက်နှာချင်းဆိုင်တွေ့ဆုံညှိနှိုင်းပြီးမှ လူမှုကျင့်ဝတ်အရ တောင်းဆိုနိုင်တယ်လို့ ပြောပါတယ်။ သူမကလည်း ခင်ပွန်းနဲ့ လက်ထပ်ကြောင်း စာချုပ်မရှိတာကြောင့် ခင်ပွန်းထံမှ များများမ ‌တောင်းဆိုဘဲ မိခင်ကြီးကိုဆေးကုဖို့ ဘတ်ငွေ ၂ သိန်းလောက်သာရရင် ကျေနပ်ပြီလို့ ရှေ့နေကို ပြောပါတယ်။
Zawgyi Version ဘတ္ ၁၂ သန္းဖိုး ထီေပါက္ၿပီး ထြက္ေျပးသည့္ခင္ပြန္းကို အေရးယူေပးရန္ ဇနီးျဖစ္သူ တိုင္ၾကား ဒီဗြီဘီ ထိုင္းႏိုင္ငံအလယ္ပိုင္း ဆမြတ္ပရကန္ၿမိဳ႕က အမ်ိဳးသားတဦးဟာ ၿပီးခဲ့တဲ့ ဇူလိုင္က ဘတ္ ၁၂ သန္းဖိုး ထီေပါက္ၿပီးတဲ့ေနာက္ လက္ရွိမိန္းမကိုပစ္ၿပီး အျခားမိန္းမ ၁ ဦးနဲ႔ လက္ထပ္လိုက္ပါတယ္။ ထီေပါက္သူ အသက္ ၄၃ ႏွစ္႐ြယ္ ႏိုင္းဝိခ်ိဳင္းဆိုသူမွာ ဇနီးျဖစ္သူ နန္းခ်ယားမား ရွဲ႕လိမ့္နဲ႔ အၾကင္လင္မယားအျဖစ္ ဆယ္ႏွစ္ေက်ာ္ ေပါင္းသင္းေနထိုင္လာၿပီး ၿပီးခဲ့တဲ့ ဇူလိုင္ ၁၅ ေန႔က ထိုင္းအစိုးရထီ ပထမဆု ၂ ေစာင္ (၁ ေစာင္လွ်င္ ဘတ္ ၆ သန္းနဲ႔) ဘတ္ ၁၂ သန္းဖိုး ထီေပါက္ခဲ့ေၾကာင္း၊ ထီလက္မွတ္ကိုလည္း ဇနီးျဖစ္သူအားျပခဲ့ၿပီး ေငြထုတ္ၿပီးရင္ ပိုက္ဆံလာေပးမယ္လို႔ ေျပာခဲ့ေပမယ့္ ေနာက္ေန႔ အိမ္ကထြက္သြားၿပီး ဆက္သြယ္လို႔ မရေတာ့ဘူးလို႔ သတင္းေထာက္ေတြကို ေျပာပါတယ္။ ၂၁ ရက္ေန႔မွာ သူငယ္ခ်င္းရဲ႕ ဖုန္းနဲ႔ လွမ္းေခၚမွ ဆက္သြယ္လို႔ရၿပီး သူမအတြက္ ေငြ ၁ ေသာင္းလာေပးခဲ့ေၾကာင္း၊ သူမလည္း အဆိုပါဘတ္ ၁ ေသာင္းကို သူတို႔မိသားစုတင္ေနတဲ့ အေႂကြး ၆ ေထာင္ျပန္ဆပ္ၿပီး ၄ ေထာင္ကို အိမ္စရိတ္သုံးတယ္လို႔ ဆိုပါတယ္။ ၂၄ ရက္ေန႔မွာေတာ့ သူဟာ အျခားတေယာက္နဲ႔လက္ထပ္တဲ့အေၾကာင္း သူ႔လူမႈကြန္ရက္မွာ ေရးခဲ့တယ္လို႔ ဇနီးျဖစ္သူက သတင္းေထာက္ေတြကို ေျပာပါတယ္။ သူမ နဲ႔ ထီေပါက္သူတို႔ဟာ ၁၀ ႏွစ္ေက်ာ္ေပါင္းသင္းလာၿပီး ရန္ျဖစ္တာမရွိေၾကာင္း၊၊ ဇူလိုင္လဆန္းကေတာ့ ေလျဖတ္ေနတဲ့ မိခင္ကို အိမ္မွာေခၚျပဳစုၿပီး ခင္ပြန္းက လူမမာရွိ ရင္ေကာင္းေကာင္းအိပ္မေပ်ာ္တာနဲ႔ တျခားမွာ သြားအိပ္ေၾကာင္း၊ သူမနဲ႔ေတာ့ အၾကင္လင္မယား လိုအဆက္သြယ္မျပတ္ဘဲ သုံးရက္ကို ဘတ္တေထာင္ လာေထာက္ပံ့တယ္လို႔ ေျပာပါတယ္။ ခင္ပြန္းျဖစ္သူမွာ ေရခဲပို႔တဲ့အလုပ္လုပ္ၿပီး သူမက အသားလုံးေၾကာ္ေရာင္းေၾကာင္း၊ သူမ နဲ႔ ခင္ပြန္းမွာ ေအးအတူပူအမွ်ေနထိုင္လာခဲ့ၿပီးမွ အခုလိုထီေပါက္ၿပီးထြက္ေျပးသြားတာေၾကာင့္ တရားမွ်တမႈရေရးအတြက္ ဥပေဒေၾကာင္းအရ အေရးယူေပးဖို႔ ၿပီးခဲ့တဲ့ ဇူလိုင္လ ၃၀ ရက္ေန႔က သြားေရာက္တိုင္ၾကားခဲ့တယ္လို႔ ဆိုပါတယ္။ ေရွ႕ေနျဖစ္သူက သူတို႔လင္မယားမွာ တရားဝင္လက္ထပ္စာခ်ဳပ္ရွိမွ ဥေပေဒေၾကာင္းအရ လင္ရဲ႕ပိုင္ဆိုင္မႈကို မယားျဖစ္သူရသင့္ေၾကာင္း ေတာင္းဆိုႏိုင္ၿပီး လက္မထပ္ဘဲ အတူေနက မ်က္ႏွာခ်င္းဆိုင္ေတြ႕ဆုံညႇိႏႈိင္းၿပီးမွ လူမႈက်င့္ဝတ္အရ ေတာင္းဆိုႏိုင္တယ္လို႔ ေျပာပါတယ္။ သူမကလည္း ခင္ပြန္းနဲ႔ လက္ထပ္ေၾကာင္း စာခ်ဳပ္မရွိတာေၾကာင့္ ခင္ပြန္းထံမွ မ်ားမ်ားမ ‌ေတာင္းဆိုဘဲ မိခင္ႀကီးကိုေဆးကုဖို႔ ဘတ္ေငြ ၂ သိန္းေလာက္သာရရင္ ေက်နပ္ၿပီလို႔ ေရွ႕ေနကို ေျပာပါတယ္။
1 year Ago
Up