ဇနီးဖြစ်သူပြော

January 8, 2020

တိုက်စစ်မှူးအီကာဒီ အနာဂတ် မသေချာသေးဟု ဇနီးဖြစ်သူပြော

ပီအက်စ်ဂျီအသင်းမှာ ၁၈ ပွဲကစားပြီး ၁၄ ဂိုး သွင်းယူကာ ‌ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး အီကာဒီရဲ့ အနာဂတ်ဟာ အခုထိ မသေချာသေးဘူးလို့ သူ့ရဲ့အေးဂျင့်လည်း ဖြစ်တဲ့ ဇနီးသည် ဝန်ဒါနာရာက ပြောကြားလိုက်ပါတယ်။  အီကာဒီဟာ အင်တာမီလန်အသင်းကနေ ပြင်သစ်ထိပ်သီးအသင်းထံ တရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပြီး ပျော်ရွှင်နေတဲ့ပုံလည်း ပေါ်ပါတယ်။  အီကာဒီ အခုလို ခြေစွမ်းပြ ကစားနေနိုင်တာကို မြင်တွေ့ရလို့ ပျော်ရွှင်မိကြောင်း၊ သူတို့နှစ်ဦးအနေနဲ့ ရောမ၊ ပဲရစ်နဲ့ မီလန်မြို့တွေကို လှည့်ပတ်သွားလာနေရပေမယ့် အဆင်ပြေကြောင်း၊ အီကာဒီရဲ့ ပြင်သစ်ကလပ်မှာ ဆက်ရှိ၊ မရှိ ဆိုတာကတော့ တပ်အပ်မပြောနိုင်ကြောင်းနဲ့ ကစားသမားကိုယ်တိုင်ရဲ့ ဆုံးဖြတ်ချက်သာ ဖြစ်တယ်လို့ နာရာက ဆက်လက်ပြောပါတယ်။ အဲဒီကစားသမားအတွက် အင်တာမီလန်အသင်းနဲ့ ပီအက်စ်ဂျီတို့ရဲ့ အငှားစာချုပ်မှာ ရာသီအကုန် ကစားသမားကို အပြီးသတ် ဝယ်ယူခွင့် အခြေအနေတွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။
2 years Ago
Up