ဇနီးနှင့်သား

October 6, 2019

ဓာတ်လိုက်ခံနေရသည့် ဇနီးနှင့်သားကို ကယ်တင်ရာမှ ဖခင်ဖြစ်သူ သေဆုံး

မကွေးမြို့၊ ရွာသစ်ရပ်ကွက် ၁၈-လမ်းမှာ ဓာတ်လိုက်နေတဲ့ ဇနီးနဲ့သားကို သွားကယ်တဲ့ ဖခင်ဖြစ်သူ ဓာတ်လိုက်ခံရပြီး သေဆုံးသွားတယ်လို့ မကွေးမြို့မရဲစခန်းက သိရပါတယ်။ ဖြစ်စဉ်မှာ ဒီနေ့မနက် ၇ နာရီခွဲအချိန်က နေအိမ်ရှေ့ ပြတ်ကျနေတဲ့ လျှပ်စစ်ဓာတ်ကြိုးကို ဇနီးဖြစ်သူ လက်နဲ့ကိုင် ဖယ်ရှားချိန်မှာ ဓာတ်လိုက်ခံရတာကို သားဖြစ်သူ ၇ တန်းကျောင်းသားက သွားဆွဲရာကနေ သားအမိနှစ်ဦးလုံး ဓာတ်လိုက်ခံရတာကိုမြင်တဲ့ ဦးဇော်ဇော်က တွန်းဖယ်လိုက်လို့ သားဖြစ်သူ လွတ်သွားပေမယ့် ဇနီးဖြစ်သူက မလွတ်သေးတာကြောင့် လျှပ်စစ်ကြိုးကို ဆွဲယူ တွန်းထုတ်လိုက်တယ်လို့ သိရပါတယ်။ ဦးဇော်ဇော်ကတော့ ဆက်လက်ဓာတ်လိုက်ခံခဲ့ရပြီးနောက် မကွေးတိုင်းဆေးရုံကို ပို့ဆောင်စဉ် ဆေးရုံအရောက် သေဆုံးသွားတာလို့ သိရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး မကွေးမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ်ဖွင့်ပြီး ဒုရဲမှူးမိုးဇော်နိုင်က စစ်ဆေးနေတယ်လို့ သိရပါတယ်။ ကိုလင်း(ချောက်)
2 years Ago
Up